စစ်ကြီးပြီးတဲ့နောက် (၂)
အရင်က
ထွက်သွားမှာ စိုးရိမ်
ခုကျ
ပြန်လာရင် စိတ်ပူနေရ
ညတာရှည်ပုံက မပြီးနိုင်မစီးနိုင်
နေ့တာရှည်ပုံကလည်း အဆုံးမရှိတော့တဲ့အတိုင်း
တစ်ယောက်နဲ့တစ်ယောက်
သူ့မျက်နှာကို
ကိုယ့်မျက်နှာလိုထင်လာမိတဲ့အထိ
တစ်ယောက်နဲ့တစ်ယောက်
ဒီလောက် နီးလွန်းနေတာလည်း
ဗုံးခိုကျင်းတွေအတွက်
အန္တရာယ်ပဲ။
ဘယ်သူဘယ်ဝါ
စိတ်လျှော့ဗုံးလွှတ်ချမိတဲ့သတင်းက
ခဏခဏဆို
မတော်တဆမှ မဟုတ်တော့တာ။
လေယာဉ်တချို့လည်းပျံနေရတုန်းပဲ
အရင်အတိုင်း
ကြက်ဥကြော်ထမင်းချိုင့်အင်ဂျင်နဲ့။
တချို့လည်း သွားဟယ်ပြန်ဟယ်
လစာမဲ့ဂိတ်မှာထိုးထားရတာ ကြေးကြီးသတဲ့
သံချပ်ကာကားလိုလိုဘာလိုလို
အယောင်ဆောင်ထွက်ရတာပဲ ဆိုလား
တင့်ကားတွေလည်း မနည်းဘူး
ဖြစ်ချင်ရာဖြစ် ဖြစ်ချင်ရာဖြစ်တဲ့
အဲဒီ
လမ်းနဲ့ချိန်းကြိုးပွတ်တိုက်သံဆူဆူကလွဲရင်
တစ်လှိမ့်ချင်း တသက်ချင်း တဘဝချင်း။
ဖြစ်ချင်ရာဖြစ်..ဖြစ်ချင်ရာဖြစ်။
အခန်းတံခါးခေါက်ပြီဆို
အရိပ်တစ်ခုခုမြင်ရပြီဆို
ဒေါက်ကနဲ ခဲလုံးကျပြီဆို
အားလုံးနားကိုစွင့်လို့
ခုထိတော့
စကားဝှက် လို့မေးတိုင်း
`မိသားစု´လို့
မှန်မှန်ကန်ကန်ဖြေနိုင်ကြတုန်းပဲ
အသေခံတပ်သားတွေ
အရှင်အတိုင်းပြန်လာနိုင်တဲ့နေ့တွေဆို
.
နက္ခတ်နီ
#SpringRevolution
#PVTV
Like – 6.3K Share – 273