စစ်ကြီးပြီးတဲ့နောက် (၁)
ခုတော့
ပစ်တုန်းခတ်တုန်း
ညစ်တုန်းပတ်တုန်း..
ခဏခဏဆေးပေမဲ့
လွယ်လွယ်သာပြယ်စတမ်းဆို
သွေးညှီနံ့လို့ ဘယ်ခေါ်မလဲ
ထားပါတော့
ငါလည်းအတော်ကျွမ်းနေပြီ
Mask အောက်မှာ ပြုံးနေသလား မဲ့နေသလား
မလွဲအောင်မှန်းတတ်နေပြီ
တစ်ခုပါပဲ.
ဒီစစ်ကြီးထဲ
မျက်လုံးတွေအကောင်းအတိုင်းကျန်ပါစေ
အဲဒါတွေသာ ကျဆုံးကုန်ရင်
ငါတို့
တစ်ယောက်နဲ့တစ်ယောက်
ဘယ်ပြတင်းပေါက်ကိုကြည့်ရမလဲ
ထားပါ..
ခုထိတော့
ပြေးတုန်းလွှားတုန်း
ဝေးတုန်း မှားတုန်း
အခုသာ လက်ဖက်ရည်ဆိုင်မှာဆို
မင်း ဘာမှာမလဲ ငါတွေးနေ
စစ်ကြီးထဲမှာတော့
ဘယ်သူဘာ မှာမှာ
လူနာတင်ကားပဲ ရောက်ရောက်လာ …
ကျည်ချွေတာဦးသူငယ်ချင်း
လိုအပ်တဲ့အခါ
ဆေးထိုးအပ်လိုသုံးရမှာ…
.
နက္ခတ်နီ
#SpringRevolution
#PVTV
Like – 8.5K Share – 652