စစ်ကောင်စီ ဗိုလ်ကြီးတစ်ယောက် CDF-KKG ဆီကို အလင်းဝင်လာ

စစ်ကောင်စီ ဗိုလ်ကြီးတစ်ယောက် CDF-KKG ဆီကို အလင်းဝင်လာ

ဇန်နဝါရီ ၁၀၊ ၂၀၂၂

စစ်တက္ကသိုလ် အပတ်စဉ် ၅၂ တပ်ထောက်ဗိုလ်ကြီး သင်တန်းအမှတ်စဉ် ၃၉ ဗိုလ်ကြီးကောင်းသူဝင်း လက်နက်အပြည့်အစုံနဲ့ မိသားစုလိုက် Chinland Defense Force – Kalay Kabaw Gangaw ဆီကို အလင်းဝင်လာတယ်လို့ သိရပါတယ်။

စစ်ဗျူဟာအခြေချအဖွဲ့ မတူပီ စစ်ရေးအရာရှိ တတိယတန်း စစ်ထောက်တာဝန်ထမ်းဆောင်နေတဲ့ ကြည်း ၅၅၇၂၅ ဗိုလ်ကြီး ကောင်းသူဝင်းက အခုလို CDM ပြုလုပ်လာတာဖြစ်ပါတယ်။

လက်ရှိအချန် မုံရွာကြားစခန်းမှူးအဖြစ်တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့တဲ့အတွက် သေနတ်ကျည်အပြည့်အစုံနဲ့ ဒီဇင်ဘာ ၂၃ ရက် ၂၀၂၁ ခုနှစ်မှာ CDF-KKG ဆီကို အလင်းဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပြည်သူတရပ်လုံးအပေါ် အကြမ်းဖက်လုပ်ရပ်တွေ မတရားမှုတွေကို စက်ဆုပ်ရွံရှာတဲ့အတွက် CDM ပြုလုပ်လာတဲ့ ဗိုလ်ကြီး ကောင်းသူဝင်းနဲ့ မိသားစုကို လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးပြီး ဆုကြေးငွေ ပေးအပ်ခဲ့တယ်လို့လဲ CDF-KKG ထုတ်ပြန်ချက်အရသိရပါတယ်။

#SpringRevolution
#PVTV
#PVTVNews


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.