စစ်ကောင်စီ စီးပွားရေး ထုတ်ကုန်ပစ္စည်းတွေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတာတွေ မပြုဖို့ မြို့လှ PDF သတိပေး
ဖေဖော်ဝါရီ ၄၊ ၂၀၂၂
မြောက်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြို့လှ PDF တပ်ရင်း ထိန်းချုပ်ရာနယ်မြေ ဂါးခင်ဘွန့်ခရိုင်ထဲက မင်းကျောင်းကုန်း၊ ချောင်းဝ၊ ပုဂံတိုက်အုပ်စု၊ ခိုတောင်ကြီး၊ မှတ်တိုင်၊ ဆူးပုတ်ကုန်း၊ နမ့်စမ်း၊ ရွှေခေါက်၊ မိုးတားကြီး၊ ဟဲနား၊ မိုးတားလေး၊ ကျွန်းပင်၊ မံလွဲ၊ ကက္ကာ၊ နောင်ပိန်း၊ ရွှေငှက်၊ အေးချမ်းသာ၊ ရေနီ၊ တုတ်ကြီး၊ အထက်ဝဲကြီး၊ မင်္ဂလာသုခ၊ မင်းလယ်ကျေးရွာ စတဲ့နယ်မြေအတွင်း စစ်ကောင်စီရဲ့ စီးပွားရေးထောက်တိုင်တွေဖြစ်တဲ့ အရက်ဘီယာတွေ သယ်ဆောင်ရောင်းဝယ်တာနဲ့ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချ သုံးစွဲတာတွေ မပြုကြဖို့ ဒီနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ကစပြီး သတိပေးတားမြစ်လိုက်တယ်လို့ မြို့လှ PDF က ထုတ်ပြန်ပါတယ်။
လိုက်နာဆောင်ရွက်မှုမရှိရင် မြို့လှPDF တပ်ဖွဲ့က ရှင်းလင်းအရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ြပထားပါတယ်။
မြို့လှတပ်ရင်းပိုင်နယ်မြေတွေထဲက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲသူတွေကို ရပ်တန့်ဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၉ ရက်နေ့မှာလဲ ပထမအကြိမ် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။