စစ်ကောင်စီထုတ်ကုန်တွေ တင်သွင်း သယ်ယူ ရောင်းရချရင် အရေးယူမယ်လို့ ဂန့်ဂေါ ပအဖ ထုတ်ပြန်
ဖေဖော်ဝါရီ ၁၈၊ ၂၀၂၂
စစ်ကောင်စီထုတ်ကုန်တွေ တင်သွင်း၊သယ်ယူ၊ရောင်းချရင် အရေးယူမယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ် အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ သူတို့လက်ပါးစေတွေက ထုတ်လုပ်တဲ့ ထုတ်ကုန်တွေ၊ဝန်ဆောင်မှုတွေကို တင်သွင်း၊သယ်ယူ၊ရောင်းချတာတွေကို တားမြစ်ပိတ် ပင်ထားတယ်လို့ ဂန့်ဂေါ ပအဖက ဆိုပါတယ်။
အခု ထုတ်ပြန်တဲ့ ကြေညာချက်မှာ တင်သွင်း၊ သယ်ယူ၊ ရောင်းချခွင့် ပိတ်ပင်တားမြစ်ထားတဲ့
စစ်ကောင်စီထုတ်ကုန်တွေဖြစ်တဲ့ အရက်၊ဘီယာ၊အချိုရည်များ၊ ဆေးလိပ်များ၊စားသောက် ကုန်နဲ့ လူသုံးကုန်တွေ ၊ Mytel ဆင်းမ်ကတ်နဲ့ ငွေဖြည့်ကတ်တွေ ၊ ဘိလပ်မြေ အပါအဝင် စစ်တပ်နဲ့ဆက်နွယ် ကုမ္ပဏီတွေ အမည်မည်းစာရင်းပါ ကုမ္ပဏီတွေကထုတ်လုပ်တဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို တားမြစ်တာဖြစ်ပါတယ်။
ထုတ်ပြန်ချက်မှာပါရှိတဲ့ တားမြစ်ထုတ်ကုန်တွေကို တင်သွင်း သယ်ယူရောင်းချတာ တွေ့ရှိရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေတဆင့် ဥပဒေနဲ့အညီ ထိထိရောက်ရောက်အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar
ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။