စစ်ကောင်စီတပ်က သေ့ဘော့ဘိုးရွာကို လေယာဉ်နဲ့ ဗုံးကြဲချလို့ ပြည်သူ ၂ဦး အသက်ဆုံးရှုံးရပြီး ကျောင်းသားကျောင်းသူများအပါအဝင် ၆ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်က သေ့ဘော့ဘိုးရွာကို လေယာဉ်နဲ့ ဗုံးကြဲချလို့ ပြည်သူ ၂ဦး အသက်ဆုံးရှုံးရပြီး ကျောင်းသားကျောင်းသူများအပါအဝင် ၆ဦး ဒဏ်ရာရ
ဇူလိုင် ၁ ၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်က မြ၀တီ မြို့နယ် သေ့ဘော့ဘိုးရွာကို ယနေ့ ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ် သား ပြည်သူ ၂ဦး အသက်ဆုံးရှုံးရပြီး ကျောင်းသားကျောင်း သူများ အပါအဝင် ၆ဦး ဒဏ်ရာရခဲ့တယ်လို့ ကော်ဘရာ စစ် ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁ရက် ည ၇နာရီခွဲ မှာ ဗုံးကြဲတိုက် ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ယုတ်မာ ကောက်ကျစ်တဲ့ စစ်ဖက်ဆိုင်ရာနဲ့ မသက်ဆိုင်တဲ့ အပြစ်မဲ့ ပြည်သူတွေနေထိုင်ရာ ရွာကို လေကြောင်းတို်ကခိုက်မှုအား ပြင်းထန်စွာ ရှုံချကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်သူအားလုံး တာဝန်ယူရမယ်လို့လည်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလက သေ့ဘော့ဘိုးက စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။ အခုလည်း စစ်ကောင်စီရဲ့ ဝေါ်လေဒေသ ဥကရစ်ထ တပ်စခန်းကို သိမ်းပိုက်နိုင်ဖို့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေတာ တစ်ပတ်နီးပါး ကြာခဲ့ပြီဖြစ်ပါတယ်။ တိုက်ပွဲမှာ အထိနာတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့သလို အခုဆိုရင် အရပ်သားတွေနေထိုင်ရာ ရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်လာလို့ ပြည်သူတွေ အသက်ဆုံးရှုံး ထိခိုက်မှု ကြုံနေကြရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။



Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.