စစ်ကောင်စီကျောထောက်ခံ ထုတ်ကုန်တွေ ရောင်းဝယ်တာတွေ့ရင် ပြင်းထန်ထိရောက်စွာ အရေးယူမယ်လို့ တမူး တပ်ရင်း ၃ ထုတ်ပြန်
ဇန်နဝါရီ ၁၇၊ ၂၀၂၂
အကြမ်းဖက်စစ်ကောင်စီ ကျောထောက်နောက်ခံ စီးပွားရေးထုတ်ကုန်တွေ ဖြစ်တဲ့ Myanmar ဘီယာ၊ Dagon ဘီယာ၊ Andaman Gold ဘီယာ၊ Red Ruby ဆေးလိပ်နဲ့ Premium Gold ဆေးလိပ် တွေကို သယ်ယူပို့ဆောင် ရောင်းဝယ်တာ တွေ့ရင် ထိရောက်ပြင်းထန်စွာအရေးယူမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်မူး တပ်ရင်း ၃ က ဇန်နဝါရီ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တမူးခရိုင်ထဲမှာ အိမ်စီးကားတွေ ခရီးသည်တင်ကားတွေနဲ့ ၁၂ ဘီးကားကြီးတွေကို အသုံးပြု သွားလာလှုပ်ရှားနေတယ်လို့ သိရပါတယ်။
ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ ခရီးသွားလာတဲ့အခါမှာ စစ်ကောင်စီကားတွေနဲ့ မှားယွင်းပစ်ခတ်မှု မဖြစ်မိအောင် ပြည်သူလူထုက မော်တော်ကားမှန်တွေ ချပြီး စီးနင်း ခရီးသွားဖို့ တမူး တပ်ရင်း ၃ က တိုက်တွန်းနှိုးဆော်ထားတာတွေ့ရပါတယ်။
#SpringRevolution
#PVTVNews
#PVTV ရဲ့ သတငျးမြားကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပျထားခွငျးအားဖွင့ျ ဖတျရှုနိုငျပွီဖွဈပါတယျ။