စစ်ကောင်စီကို အာဏာဖီဆန်ခဲ့သူ ဗိုလ်မှူးဟိန်းသော်ဦးကို တွေ့ဆုံမေးမြန်းခြင်း (ဒုတိယပိုင်း)
“ရှင်းရှင်းပြောရရင် တစ်ယောက်မှကို မသေစေချင်ဘူး။ အကုန်လုံးက တိုင်းပြည်အတွက် ရတနာတွေပါ၊ ရွှေတွေ ငွေတွေထက် တိုင်းပြည်က လူတစ်ဦးက ပိုပြီးတန်ဖိုးရှိပါတယ်။ သေသွားတဲ့သူတွေထဲမှာက တကယ့်ကို တော်တဲ့သိပ္ပံပညာရှင်တို့၊ ခေါင်းဆောင်ကောင်းဖြစ်လာမဲ့သူမျိုး ကျဆုံးသွားရင် တိုင်းပြည်အတွက် အရမ်းနစ်နာပါတယ်။ အဲ့တာကြောင့် ဘယ်သူတစ်ဦးတစ်ယောက်မှ မသေစေချင်ဘူး၊ ဘယ်သူပဲဖြစ်ဖြစ် လူဆိုရင် လူသားရဲ့တန်ဖိုးက ရှိပြီးသားပဲ။ ဒီဘက်ကအဖွဲ့တွေကလည်း သူ့ဟာနဲ့သူ ပြင်ဆင်နေပါတယ်၊ သိပ်မကြာတော့တဲ့ကာလမှာ ပြည်သူတွေအားလုံး လိုချင်တဲ့ဟာကိုလုပ်ဖို့(စစ်အာဏာရှင်ကို တိုက်ခိုက်ဖို့) အတွက် အချိန်နီးကပ်လာပြီလို့ ဆိုရမှာဖြစ်ပါတယ်၊ အဲ့အချိန်ကျရင် ကိုယ့်ဟာကိုယ် တစ်တပ်တစ်အားနဲ့ ဘာတွေပဲစွန့်လွှတ်ရ စွန့်လွှတ်ရ ဒီအောင်ပွဲကို ရအောင်ယူမယ်ဆိုတဲ့စိတ်မျိုးနဲ့ အားလုံးဝိုင်းပြီး ကြိုးစားကြမယ်လို့ မျှော်လင့်ပါတယ်။
စစ်ကောင်စီကို အာဏာဖီဆန်ခဲ့သူ ဗိုလ်မှူးဟိန်းသော်ဦး
ဦးစီးအရာရှိ၊ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်
#SpringRevolution
#PVTV
Like – 14K Share – 1954