စစ်ကိုင်းနဲ့ မကွေးမှာ ဖွဲ့စည်းထားတဲ့ သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့တွေနဲ့ ဝန်ကြီးဌာန အတွင်းဝန်ဦးဆောင်တဲ့ အဖွဲ့တို့ တွေ့ဆုံဆွေးနွေး
ဇူလိုင် ၆ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးထားတဲ့ စစ် ကိုင်းနဲ့ မကွေးတိုင်းက သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့တွေနဲ့ ဝန်ကြီးဌာနရဲ့ အတွင်းဝန်၊ ဒုတိယအတွင်းဝန် ဦးဆောင်တဲ့အဖွဲ့တို့ တွေ့ဆုံမှုကို ဇူလိုင် ၄ ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။
ကြားကာလသယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာ အရေးပေါ်လုပ်ထုံးလုပ်နည်း၊ သဘာဝဘေးအန္တရာယ်နဲ့ စစ်ဘေးဒဏ်ခံရ တဲ့ဒေသတွေမှာ ပြန်လ ည်ထူထောင်ရေး အရေးပေါ် လိုအပ်ချက်အတွက် သစ်တောထွက်ပစ္စည်းတွေ ထုတ်ယူသုံးစွဲခွင့် ညွှန်ကြားချက်တွေကို ဝန်ကြီးဌာနဘက်က တင်ပြခဲ့ဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက်မှာ မြို့နယ်အဖွဲ့တွေဘက်ကလည်း မြေပြင်မှာ သယံဇာတစီမံအုပ်ချုပ်မှုလုပ်ငန်းဆိုင်ရာ အခက်အခဲတွေ၊ အတွေ့အကြုံတွေကိုတင်ပြကာ ဝန်ကြီးဌာနဘက်က ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါတယ်။
လက်ရှိအထိ ဖွဲ့စည်းပြီး သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့ (၁၃) ဖွဲ့ရှိနေပြီဖြစ်ပြီး အစည်းအဝေးကို ဝန်ကြီးဌာနနဲ့ မြို့နယ်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့တို့မှ စုစုပေါင်း (၂၃) ဦးတက်ရောက်ခဲ့ကြပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။