စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်

ဒီဇင်ဘာ ၃၁၊ ၂၀၂၁ SGG

စစ်ကောင်စီယာဉ်တန်းကို စစ်ကိုင်း-ရွှေဘိုကားလမ်းပေါ် ဝက်လက်မြို့နယ် ရွာသာကြီးအနီးမှာ ဒီဇင်ဘာလ ၃၀ရက် ည၉:၂၀နာရီအချိန်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီယာဉ်တန်းနောက်ဆုံးအစီးဖြစ်တဲ့ ၁၂ဘီးကားကို မိုင်း ၃ကြိမ်ဆွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ စစ်ကောင်စီ၁၂ဘီးကားပေါ်မှာ ဂျပ်ဖာတွေကြားမှာ ပုန်းအောင်းပြီး စစ်ကောင်စီတပ်သားတွေလိုက်ပါလာကြတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကဆိုပါတယ်။

မြင်းဖြူရှင်ပျောက်ကြားတပ်ဖွဲ့၊ ဝက်လက်မြို့နယ်ဒေသဆိုင်ရာ ကာကွယ်ရေးတပ်နှင့် ဂဠုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့ ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကား အထိအခိုက် အပျက်အစီးကိုတော့ လုံခြုံရေးအခြေအနေအရ အတိအကျမသိရသေးဘူးလို့ သတင်းရရှိပါတယ်။

ဒီဇင်ဘာလ ၃၀ရက်နေ့ မနက် ၉နာရီ၃၀မိနစ်ခန့်မှာလဲ စစ်ကိုင်းတိုင်း တန့်ဆည်မြို့မှာ ဆိုင်ကယ် ၈စီးနဲ့ မြို့တွင်းလှည့်ပတ်သွားနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို MDF-Taze (Tiger)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၁ဦးသေဆုံးကာ ၆ဦးဒဏ်ရာရရှိသွားတယ်လို့ Area-21 Networkက သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။
#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.