စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းက CDM ဝန်ထမ်းတွေနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ တူးခေါင်တွေဆုံ

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းက CDM ဝန်ထမ်းတွေနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ တူးခေါင်တွေဆုံ
ဇူလိုင် ၂ ၊ ၂၀၂၂

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းက CDM ဝန်ထမ်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တို့ တွေ့ဆုံပွဲကို ဇွန် ၂၉ ရက် နံနက် ၁၀ နာရီမှာ အွန်လိုင်းကတစ်ဆင့်ပြုလုပ်ခဲ့ရာ CDM ဝန်ထမ်း ၄၅ ဦးအထိ တက်ရောက်ခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က တော်လှန်ရေးကာလမှာ CDM ဝန်ထမ်းတွေက မိသားစုနဲ့ လူမှုအခက်အခဲများစွာကို ကြံ့ကြံ့ခံ ဖြတ်သန်းနေရတာကို စာနာနားလည်ပြီး လေးစားဂုဏ်ယူပါကြောင်း၊ ဝန်ကြီးဌာနအနေနဲ့ CDM အားလုံးကို ထောက်ပံ့ပေးနိုင်ခြင်းမရှိပေမဲ့လည်း အရေးပေါ် အကူအညီလိုအပ်တဲ့ ဝန်ထမ်းတွေ ကို ထောက်ပံ့ပေးနေပါကြောင်း၊ နွေဦးတော်လှန်ရေးက အားသာချက်များစွာရှိပြီး ပြည်သူတွေ စည်းလုံးမှု အားကောင်း ကြောင်း၊ မြန်မာပြည်ရဲ့ အပြောင်း အလဲအတွက် CDM တွေက ကျရာအခန်းကဏ္ဍကနေ ပါဝင်နေကြတာဖြစ်ကြောင်း ပြော ကြားခဲ့ပါတယ်။

ဒါအပြင် ယနေ့ခေတ်က နည်းပညာခေတ်ဖြစ်တဲ့အားလျော်စွာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေ အချိန်နဲ့ တပြေးညီ ကြားသိနေရတယ်၊ တော်လှန်ရေး တစ်နှစ်တာကာလအတွင်း စစ်ကောင်စီဘက်မှ အင်အားဆုတ် ယုတ်မှု များလာပြီး နွေဦးတော်လှန်ရေးမှာ အင်အားပိုကောင်းလာတယ် ဆိုတာနဲ့ အဖွဲအစည်းအချင်းချင်း ချိတ်ဆက်မှုအား ကောင်းလာတယ်ဆိုတာပါ ဒေါက်တာ တူးခေါင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

တက်ရောက်လာသူ CDM ဝန်ထမ်းတွေက ပြန်လည်တင်ပြဆွေးနွေးမှာ CDM ဝန်ထမ်းတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲ၊ လုံခြုံရေးအခက်အ ခဲ၊ အလုပ်အကိုင်ရရှိရန် အခက်အခဲများရှိတယ်၊ အဲဒီလိုအခက်အခဲတွေရှိပေမယ့်လည်း စိတ်ဓါတ်ကျ အားလျှော့တာမရှိဘဲ ဆက်လက် တော်လှန်သွားမှာဖြစ်တယ်၊ တော်လှန်ရေးမှာ မပါဝင်တဲ့ Non CDM ဝန်ထမ်းတွေကို တော်လှန်ရေးပြီးဆုံးချိန်မှာ မဖြစ်မနေ အရေးယူရန် လိုအပ်တယ်၊ မိမိတို့က CDM လှုပ်ရှားမှုမှာ ပါဝင်နေရုံမျှမက တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေမှာ တတ်အားသရွေ့ အားဖြည့်ပါဝင်နေရတယ်ဆိုတာတွေကို ပြောကြားခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.