စစ်ကိုင်းတိုင်းအတွင်းက တိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ အကြမ်းဖက်စစ်သားတွေကို ဆေးကုသမှုပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ကြပြန်
ဇူလိုင် ၁ ၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းကနေ ဖမ်းဆီးရမိတဲ့ အကြမ်းဖက် စစ်သားတွေကို ဆေးကုသမှုပေးပြီး ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဗန်းမောက်မြို့အတွင်းမှာ ဇွန် ၃၀ ရက် (မနေ့)က ပြည်သူ့ကာကွယ်ရေးတပ်အပါအဝင် မဟာမိတ်တပ်ပေါင်းစုတွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီဘက်က အယောက် ၂၀ ကျော် သေပြီးတော့ ဖမ်းဆီးရမိခဲ့တဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေကို ဆေးကုသမှုပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ သတင်းထုတ်ပြန်လိုက်တာဖြစ် ပါတယ်။
ဓာတ်ပုံ – ဒဏ်ရာရစကစတပ်သားကို ဆေးကုသပေးထားပုံ
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။