စစ်ကိုင်းတိုင်းရဲ့ မြေပြင်အနေအထား၊ စစ်ရေးသုံးသပ်ချက်၊ တော်လှန်ရေးအရွှေ့တွေကို ဆွေးနွေးမယ့် တော်လှန်ရေး စကားဝိုင်း
ဇူလိုင် ၄ ၊ ၂၀၂၂
‘မမများနဲ့ပွဲကမယ်’ အစီအစဉ်ကနေ စစ်ကိုင်းတိုင်းရဲ့ ပထဝီမြေပြင်အနေအထား၊ လက်ရှိစစ်ရေးသုံးသပ်ချက်၊ တော်လှန် ရေးအရွေ့နဲ့ မမတွေသာ စစ်ကိုင်းရောက်ခဲ့ရင်ဆိုတဲ့ အချက်တွေကို အခြေခံပြီးတော်လှန်ရေးစကားဝိုင်းတစ်ခုကို ဇူလိုင် ၉ ရက် မြန်မာစံတော်ချိန် ၈ နာရီမှာ ပြုလုပ်သွားမှာပါ။
တော်လှန်ရေးစကားဝိုင်းကို NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးအတွင်းဝန် – ဦးနိုင်ထူးအောင်၊ CDM ဗိုလ်ကြီးလင်းထက်အောင်တို့က ဦးဆောင်ဆွေးနွေးပြောကြားပေးမှာဖြစ်ပြီး မော်ဒရေတာအဖြစ်နဲ့ ဒေါက်တာဖြိုးသီဟက ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
‘မမများနဲ့ပွဲကမယ်’ အစီအစဉ်က ပုံမှန်တင်ဆက်မှုအဖြစ်နဲ့ မြေပြင်တော်လှန်ရေးစကားဝိုင်းတွေပြုလုပ်နေတာဖြစ်ပြီး ဒီ တစ်ခေါက်ပြုလုပ်တဲ့စကားဝိုင်းက လှူဒါန်းသူပြည်သူတွေအနေနဲ့ရော၊ မြေပြင်တပ်ရင်းတွေ၊ သာမန်ပြည်သူတွေပါ မဖြစ်မနေစောင့်ကြည့်သင့်၊ နားထောင်သင့်တယ်လို့ ညွှန်းဆိုထားသလို တော်လှန်ရေးနဲ့ပတ်သက်ပြီး လက်ရှိအခြေအနေ ကို အခြေခံကျကျ လိုတိုရှင်းဆွေးနွေးကြမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
‘မမများနဲ့ပွဲကမယ်’ အစီအစဉ်အတွက် လှူဒါန်းချင်တဲ့သူတွေအနေနဲ့ https://www.facebook.com/108975101826970/posts/123653960359084/?mibextid=7ovdaX ကိုဝင်ရောက် ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။