စစ်ကိုင်းက စစ်ဘေးရှောင်တွေကို ကူညီနိုင်ဖို့ အနုပညာရှင် ချစ်သုဝေရဲ့ Macrame ပရောဂျက်က ကျပ်သိန်း ၁၅၀၀ ကျော် ရရှိခဲ့
ဇူလိုင် ၁၄ ၊ ၂၀၂၂
စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်ပြည်သူတွေကို ကူညီနိုင်ဖို့အတွက် ရ ည်ရွယ်ပြီး ပြုလုပ်ခဲ့တဲ့ Macrame ပရောဂျက်ကနေ ကျပ်သိန်း ၁၅၀၀ ကျော်အထိ ရရှိခဲ့တယ်လို့ အနုပညာရှင် ချစ်သုဝေက ပြောထားပါတယ်။
ထင်မှတ်ထားတာထက် ပိုမိုရရှိခဲ့တဲ့အတွက်ကြောင့် စစ်ကိုင်းဘက်က စစ်ရှောင်တွေအတွက်တင်မကဘဲ မြေပြင်က လိုအပ်နေတဲ့ နေရာတွေအတွက်လည်း ထောက်ပံ့ပေးပိုသွားမယ်လို့ ဆိုထားပါတယ်။
ဒီတစ်ခေါက်ပြုလုပ်တဲ့ Macrame ပရောဂျက်က အနုပညာရှင် ချစ်သုဝေအတွက် ၇ ကြိမ်မြောက်ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ စစ်ရှောင်တွေနဲ့ မြေပြင်မှာ ပြုလုပ်နေသူတွေအတွက် အထောက်အပံ့တွေလုပ်ပေးနေတာလည်းဖြစ်ပါတယ်။
ဒီပရောဂျက်ကို လက်မှတ်ငါးထောင်လောက်ပဲရောင်းရမယ်လို့ ထင်ထားခဲ့ပေမယ့် မှန်းထားတာထက် နှစ်ဆလောက် ပိုရောင်းရခဲ့တာဖြစ်ပြီး ပြ ည်တွင်း က ပြည်သူတွေရဲ့ဝယ်ယူမှုလက်မှတ်စောင်ရေက အများဆုံးရခဲ့တာဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။
လက်မှတ်တစ်စောင်ကို မြန်မာငွေတစ်သောင်းနဲ့ ရောင်းပေမယ့် ပြည်ပနိုင်ငံတွေကို ရောင်းတဲ့လက်မှတ်တွေရဲ့ ငွေလဲနှုန်းတွေကြောင့် အလှူငွေ သိန်း ၁၅၀၀ ကျော်ရရှိခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒီတစ်ခေါက်ပရောဂျက်မှာ ကံစမ်းသူတွေကို ကံစမ်းမဲနံပါတ်ပေးတာမဟုတ်ဘဲ လက်မှတ်တွေပါပေးနိုင်ခဲ့ပြီး လက်မှတ်လေးတွေကိုသိမ်းထားဖို့နဲ့ တော်လှန်ရေးပြီးသွားချိန်ကျရင် ကံစမ်းမဲလက်မှတ်တွေနဲ့ ကြည့်လို့ရမယ့် ဖျော်ဖြေပွဲကြီးတစ်ခု လုပ်နိုင်အောင်ကြိုးစားမယ်လို့ ဆိုထားပါတယ်။
Macrame တွေကို လစဉ်နီးပါး ကံစမ်းမဲပြုလုပ်ခဲ့ပြီး ဩဂုတ်လကတော့ သူမရဲ့ မွေးလဖြစ်တာကြောင့် အစီအစဉ်တစ်ခုပြုလုပ်ဖို့ ရှိတယ်လို့ ချစ်သုဝေကပြောထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။