ငွေတိုက်စာချုပ်ဝယ်ယူသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးတွေရဲ့ အမှတ်တရ ပို့စ်ကတ်တွေ လက်ဆောင်ပေးပို့
ဇွန် ၂၉ ၊ ၂၀၂၂
တော်လှန်ရေးအတွက် အရေးကြီးတဲ့ ငွေတိုက်စာချုပ်ကို ဝယ်ယူသူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည် ထောင်စုဝန်ကြီးတွေရဲ့ အမှတ်တရလက်မှတ်ရေးထိုးပေးထားတဲ့ ပို့စ်ကတ်တွေကို လက်ဆောင်ပေးပို့နေပါတယ်။
ငွေတိုက်စာချုပ် ဝယ်ယူသူတွေအတွက် တော်လှန်ရေးကာလ အမှတ်တရ ဖြစ်စေမယ့် ပို့စ်ကတ်တွေကို လက်ဆောင် အဖြစ် ထည့်ပေးခဲ့ပေမယ့် စိတ်ဝင်စားစွာနဲ့ တောင်းဆိုတဲ့ ဝယ်ယူသူတွေကြောင့် ပို့စ်ကတ်တွေကို လစဉ် ထည့်ပေးသွားဖို့ United Bonds အဖွဲ့ဝင်တွေ စီစဉ်ပေးနေတယ်ဆိုပြီး ဖော်ပြထားပါတယ်။
ငွေတိုက်စာချုပ် ရောင်းချတာကနေ ရရှိလာတဲ့ ငွေတွေက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အဓိက အရေးကြီးတဲ့ အခန်း ကဏ္ဍမှာ ပါဝင်နေတာကြောင့် အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးတွေက လစဉ် အမှတ်တရ လက်မှတ်များ ရေးထိုးပေးထားတဲ့ ပို့စ်ကတ်တွေကို ငွေတိုက်စာချုပ်ဝယ်ယူသူတွေထံ ပေးပို့ပေးခဲ့တယ်လို့ United Bonds သတင်းထုတ် ပြန်ခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။