ငွေတိုက်စာချုပ်တွေ ပြည်တွင်း ပြည်ပမှာ စတင်ရောင်းချနေပြီ

ငွေတိုက်စာချုပ်တွေ ပြည်တွင်း ပြည်ပမှာ စတင်ရောင်းချနေပြီ
ဇန်နဝါရီ ၁၊ ၂၀၂၁

KPICT (Kachin Political Interim Coordination Team) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ ပူးပေါင်းပြီး ငွေတိုက်စာချုပ်တွေကို ပြည်တွင်းရော၊ ပြည်ပမှာပ ရောင်းချပေးနေပြီဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှင်နှံမှုဝန်ကြီးဌာနက ဒီနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဝယ်ယူနိုင်တဲ့ နည်းလမ်းတွေကိုတော့https://padangsut.org Website မှာ ဖော်ပြပေးထားတယ်လို့ ဆိုပါတယ်။

ငွေတိုက်စာချုပ်တွေကို USDT Stablecoin နဲ့ဝယ်ယူနိုင်ပြီဖြစ်သလို နိုင်ငံတကာရဲ့ ငွေ တိုက်စာချုပ်ကိုယ်စားလှယ်က နေတဆင့်လည်း ငွေပေးချေပြီး ဝယ်ယူနိုင်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထုတ်ပြန်ထားပါသေးတယ်။

ငွေတိုက်စာချုပ်ဝယ်ယူတဲ့သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အထူးလုံခြုံတဲ့နည်းပညာနဲ့ အာမခံ ချက်ပေးထားတာကြောင့် စိုးရိမ်မှုလုံးဝမရှိဘဲ ယုံယုံကြည်ကြည်နဲ့ ဝယ်ယူနိုင်ပါတယ်။

ငွေတိုက်စာချုပ်ဝယ် ယူရာမှာ တဦးချင်းဝယ်ယူလို့ရသလို စုပေါင်းပြီးဝယ်ယူလို့ရတယ်လို့လည်းရပါတယ်။ ငွေတိုက်စာချုပ်နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်း နှီးမြှုပ်နှံမှုဝန်ကြီးဌာနနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွေမှာ အသိပေးထုတ်ပြန်ထားမှာလည်း ဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.