ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်အတွင်းပို့ ဆောင်လိုက်ခြင်းအပေါ် NLD ပါတီက ကြေညာချက်ထုတ်ပြန်

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်အတွင်းပို့ ဆောင်လိုက်ခြင်းအပေါ် NLD ပါတီက ကြေညာချက်ထုတ်ပြန်
ဇွန် ၂၇ ၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစု ကြည်ကို အချုပ်ထောင်အတွင်း ပို့ဆောင်လိုက်ခြင်းအပေါ် NLD ပါတီက ဒီနေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကြေညာချက်ထဲမှာ ၂၀၂၂ ခုနှစ် ဇွန်လ (၂၁)ရက်နေ့က ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်အတွင်း စစ်‌ကောင်စီက ပို့ဆောင်လိုက်ခြင်းက မြန်မာ့သမိုင်း တွင်သာမက နိုင်ငံတကာမျက်နှာစာမှာ အမည်းစက်စွန်းထင်စေမဲ့ ဖြစ်ရပ်တခုအဖြစ် ထပ်မံကျူးလွန်လိုက်ခြင်းဖြစ်တယ် လို့ ဖော်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးကြေညာစာတမ်းရဲ့ အပိုဒ်(၆)မှာ လူတိုင်းမှာ ဥပဒေအရာ လူပုဂ္ဂိုလ်တဦးအဖြစ်နဲ့ အရာခပ်သိမ်းမှာ အသိအမှတ်ပြုခြင်းကိုခံယူပိုင်ခွင့်ရှိတယ်လို့ ဖော်ပြထားသလို၊ အပိုဒ်(၁၀)မှာ အခွင့်အရေးတွေနဲ့ တာဝန် ဝတ္တရားတွေကို အဆုံးအဖြတ်ခံရာမှာလည်းကောင်း၊ ပြစ်မှုကြောင့် တရားစွဲဆို စီရင်ဆုံးဖြတ်ရာမှာလည်းကောင်း၊ လူတိုင်းက လွတ်လပ်ပြီးဘက်မလိုက်တဲ့ တရားရုံးတော်ရဲ့ လူအများရှေ့မှောက်မှာ မျှတစွာကြားနာစစ်ဆေးခြင်းကို တူညီစွာခံစားပိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားကြောင်း ဖော်ပြထားပါတယ်။

မည်သည့် ပြစ်မှုတစုံတရာမျှ ကျူးလွန်ခြင်းမရှိတဲ့ လူထုခေါင်းဆောင်ကို မတရားတဲ့ ဥပဒေပုဒ်မ အမျိုးမျိုးတပ်ပြီးတော့ လည်းကောင်း၊ တရားဥပဒေရဲ့အကာအကွယ်ကိုယူပြီး ခုခံလျှောက်ထား‌ပေးနေကြတဲ့ တရားလွှတ်တော် ရှေ့နေတွေကို ခြိမ်းခြောက်အကြပ်ကိုင်ခြင်းဖြင့်လည်းကောင်း၊ တရားဥပ‌ဒေဘောင်အတွင်းမှ တရားသဖြင့်ချေပ လျှောက်ထားခွင့်တို့ ဆုံးရှုံးလျက် မတရားတဲ့ဥပဒေတွေကို ရင်ဆိုင်နေရတဲ့ အသက်အရွယ်အားဖြင့် ၇၇ နှစ်ကျော် ရှိနေတဲ့ နိုင်ငံခေါင်း ဆောင်ကို ယခုလို အချုပ်ထောင်တခုအတွင်း ပြောင်းရွေ့လိုက်တဲ့ မတရားလုပ်ရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်း ဖော်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အပိုဒ်(၃)မှာ လူတိုင်းမှာအသက်ရှင်ရန် လွတ်လပ်မှုခွင့်နဲ့ လုံခြုံစိတ်ချခွင့်ရှိတယ်ဆိုပြီးလည်းကောင်း၊ အပိုဒ်(၅)မှာ မည်သူကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှုမပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ်ပေးခြင်း မပြုရဆိုပြီး ပါရှိတဲ့အချက်တွေကို စစ်ကောင်စီအနေနဲ့ ပြန်လည်သုံးသပ်ရန် လိုအပ်တယ်လို့ ဆိုထားပါတယ်။

အခြားသောအကျဉ်းထောင်များနည်းတူ နေပြည်တော်အချုပ်ထောင်မှာလည်း သောက်သုံးရေသန့်ရှင်းမှု မရှိခြင်း၊ မှက်၊ ခြင်၊ ယင်ပေါများခြင်း၊ မိလ္လာကိစ္စအခက်တွေ့နိုင်ခြင်း၊ လေကောင်း‌‌လေသန့်မရရှိခြင်း၊ နေ့စဉ် ကျန်းမာရေး စောင့်ရှောက်ပေးရန်လိုအပ်ခြင်း၊ အစားအသောက်ထားသိုရန်မရှိခြင်း၊ လတ်ဆတ်သန့်ရှင်းသော အစားအသောက် ကျွေးမွေးမှုမရရှိခြင်း အစရှိတာတွေခံစားရမဲ့အပြင် သီးသန့်နေရာတခုမှာထားရှိလို့ အရေးပေါ် ကျန်းမာရေးကိစ္စများပေါ်ပေါက်ပါက အချိန်မီကုသရန်ခက်ခဲခြင်းတို့ ရှိနိုင်တာကြောင့် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တစ်ဦးအပေါ် အသက်အန္တရာယ်တစုံတရာသက်ရောက်အောင် အာဃာတရှိရှိ လုပ်ကြံဖန်တီးထားတာဖြစ်တယ်ဆိုပြီးတော့လည်း သုံးသပ်ထားပါတယ်။

ပြည်သူလူထုယုံကြည်အားကိုးတဲ့ ခေါင်းဆောင်ဖြစ်တဲ့အပြင် နိုင်ငံတကာမှလေးစားချစ်ခင်တဲ့ ခေါင်းဆောင်တစ်ဦး အနေနဲ့လည်းကောင်း၊ တိုင်းပြည်အကျိုးကိုရှေ့ရှုတဲ့ ခေါင်းဆောင်ကောင်းဖြစ်တာနဲ့အညီ အမှီအခိုနဲ့ နေထိုင်သင့်တဲ့ အသက်အရွယ်ကိုရောက်ရှိနေ‌တဲ့ လူထုခေါင်းဆောင်ကိုအချုပ်ထောင်မှာ ရင်ဆိုင်ကြုံ‌တွေ့ နေရမဲ့ ဆုတ်ယုတ်‌ဆိုးဝါး‌ သောအခြေအနေများမှ အမြန်ဆုံးပြန်လည်ရုတ်သိမ်းပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား များအားလုံး ချွင်းချက်မရှိ လွတ်မြောက်စေရေး အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဖက်သံတမန်များအား ကူညီဆောင်ရွက်ပေးပါရန်တောင်းဆို တိုက်တွန်းအပ်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.