“ငါတို့သူရဲကောင်းတွေ အသက်နဲ့ ရှင်သန်နေရတဲ့ ငါတို့ဘဝ”
ငါတို့ပြည်သူတွေအကြမ်းဖက်စစ်အာဏာရှင်
လက်ကလွတ်ဖို့ ငါတို့သူရဲကောင်းတွေက အသက်ပေးပြီး ကာကွယ်ခဲ့ကြတယ်။
လက်ရှိငါတို့ရှင်သန်နေတဲ့ ဘဝဆိုတာ ငါတို့သူရဲကောင်းတွေရဲ့ အသက်နဲ့ လဲထားရတယ်ဆိုတာ ငါတို့မမေ့ရဘူး။
ငါတို့ မိသားစုတွေ ငြိမ်းချမ်းစွာနေထိုင်နိုင်ဖို့ ငါတို့သူရဲကောင်းတွေက သူတို့မိသားစုဘဝတွေ ရင်းနှီးပေးဆပ်ထားရတယ်ဆိုတာမမေ့ပါနဲ့။
ငါတို့ သားသမီးတွေ ပညာဆက်သင်ရဖို့ ငါတို့သူရဲကောင်းတွေက သူတို့ပညာရေး၊သူတို့သားသမီးပညာရေးတွေကို ဆုံးရှူံးခံပေးခဲ့ရတယ်ဆိုတာ မမေ့ကြပါနဲ့။
ငါတို့သူရဲကောင်းတွေရဲ့ အသက်နဲ့ဆက်ပြီးရှင်သန်နေရတဲ့ ငါတို့ဘဝခရီးမှာ ငါတို့တတွေလိပ်ပြာလုံလုံနဲ့
အသက်ဆက်ရှင်သန်နိုင်ဖို့ ငါတို့ဘဝတွေကို အသက်ပေးကာကွယ်ခဲ့ကြတဲ့
“ငါတို့သူရဲကောင်းတွေကို ငါတို့စောင့်ရှောက်ရမယ်” ဆိုတဲ့ ကိုယ်ချင်းစာနာစိတ်နဲ့ ဘဝကို အသက်ဆက်ရှင်သန်ပေးကြပါ။
ဒါကြောင့် မိမိတို့ ပြည်သူများအနေဖြင့် မိမိတို့ နွေဦးသူရဲကောင်းများအားရည်စူးပြီး သူတို့ရဲ့ကျန်ရစ်သူမိသားစုအတွက်
“ဒို့ … နွေဦးသူရဲကောင်းများအတွက် ငွေတိုက်စာချုပ်” တွေကို ဆက်သွယ်ဝယ်ယူလှူဒါန်းပေးနိုင်ကြောင်း သတင်းစကားပါးလိုက်ပါတယ်။
facebook.com/ourspringheroes
#SpringRevolution
#OurSpringHeroes
#Bond4ourspringheroes
#MOD
#MOPFI
#PVTV