ငလျင်ဘေးအန္တရာယ်နဲ့ စပ်လျဉ်းပြီး ဆောင်ရန်၊ ရှောင်ရန်နဲ့ သတိပြုရန်အချက်တွေကို လူသားချင်းစာနာထောက်ထား ရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ထုတ်ပြန်
ဇူလိုင် ၉ ၊ ၂၀၂၂
ငလျင်ဘေးအန္တရာယ်က ဖြစ်ပေါ်မယ့်နေရာ၊ အချိန်နဲ့ ပြင်းအားတွေကို ကြိုတင်ခန့်မှန်းတွက်ဆလို့ မရတဲ့အတွက် ငလျင် ဘေးအန္တရာယ်နဲ့ စပ်လျဉ်းပြီး ဆောင်ရန်၊ ရှောင်ရန်နဲ့ သတိပြုရန်အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖိနှိပ်မှုမျိုးစုံနဲ့ မတရား အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လူမှုဒုက္ခ အဝဝကို ခံစားနေရချိန်မှာ သဘာဝဘေးအန္တရယ်တွေကြောင့် ထိခိုက်ဆုံးရှုံးရမှုတွေ ထပ်မံမဖြ စ်ပွားစေရေးအတွက် အထူး သတိပြု နေထိုင်ကြဖို့အတွက်လည်း အသိပေး နှိုးဆော်ထားပါတယ်။
ငလျင်ဘေးအန္တရာယ်နဲ့ စပ်လျဉ်းပြီး ဆောင်ရန်၊ ရှောင်ရန်နဲ့ သတိပြုရန်အချက်တွေကို ပုံတွေနဲ့ တကွဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။