ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး နာရေးသို့ အမျိုးသားညီညွ တ်ရေးအစိုးရ ဂျပန်ကိုယ်စားလှယ်ရုံးက ဝမ်းနည်းကြောင်းပန်းခြင်းပေးပို့ပြီး သွားရောက်ဆုတောင်းပေး
ဇူလိုင် ၁၅ ၊ ၂၀၂၂
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နာရေးသို့ အမျိုးသားညီ ညွတ်ရေးအစိုးရ ဂျပန်ကိုယ်စားလှယ်ရုံးက သွား ရောက်ပြီး ဝမ်းနည်းကြောင်း ပန်းခြင်းပေးပို့ကာ ဆုတောင်းပေးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။
တိုကျိုမြို့၊ နာဂါတချို လွှတ်တော်ဧရိယာအနီးက လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ ဌာနချုပ်မှာ ပြုလုပ်တဲ့ ရှင်ဆိုအာဘေး ဈာပနာ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံကိုယ်စားလှယ်ဖြစ်သူ စောဘလှသိန်းနဲ့ ရုံးအဖွဲ့ဝင်တွေ က တက်ရောက် ဂါရဝပြုတာ၊ မှတ်တမ်းလွှာမှာ ဆုတောင်းစာရေးသားတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ကွယ်လွန်ချိန်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ဂျပန်ကိုယ်စားလှယ်ရုံးတို့က ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။
ရှင်ဇိုအာဘေး ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိနေပြီဖြစ်ပြီး အမတ်လောင်းတစ်ဦးကို မဲဆွယ်စည်းရုံးရေး ပြုလုပ်ပေး နေစဉ်အချိန်မှာပဲ သေနတ်သမားတစ်ဦးရဲ့ လုပ်ကြံမှုကို ခံခဲ့ရတာဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။