ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ရုတ်တရက်ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း ဂျပန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေး ကိုယ်စားလှယ်ရုံးက ထုတ်ပြန်
ဇူလိုင် ၈ ၊ ၂၀၂၂
ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ရှင်ဇိုအာဘေး ရုတ်တရက်ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း ဂျပန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေး ကိုယ်စားလှယ်ရုံးက ဒီနေ့မှ ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ဂျပန်နိုင်ငံရဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ဖြစ်သူ စောဘလှသိန်းက ဂျပန်၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ဝမ်းနည်းကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။
ဂျပန်နိုင်ငံမှာ နေထိုင်လျက်ရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း မစ္စတာ ရှင်ဇိုအာဘေး ကွယ် လွန်မှုသတင်းက အထူးပင် ဝမ်းနည်းကြေကွဲဖို့ ကောင်းတယ်ဆိုပြီး ဖော်ပြထားသလို ဂျပန်နိုင်ရဲ့ ခက်ခဲ့တဲ့ အချိန်ကာလ တွေမှာ ဂျပန်နိုင်ငံကို လမ်းပြပေးခဲ့သူတစ်ဦးဖြစ်တယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။
ရှင်ဇိုအာဘေး ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေကို ပံ့ပိုးပေး ခဲ့တာတွေအတွက်လည်း အမြဲအမှတ်ရနေမှာဖြစ်တယ်လို့ ဖော်ပြထားတာလည်း တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။