ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရခြင်းအပေါ် ဝမ်းနည်းကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား
ဇူလိုင် ၈ ၊ ၂၀၂၂
ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရခြင်းအပေါ် ဂျပန်ပြည်သူတွေနဲ့ရော မိသားစု ဝင်များကိုပါ ဝမ်းနည်းကြောင်းပြောကြားလိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။
‘ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရပြီး သေဆုံးခဲ့တဲ့အပေါ်မှာ မြန်မာနိုင်ငံက ပြည်သူတွေကိုယ်စား ဂျပန်ပြည်သူတွေနဲ့ ရှင်ဇိုအာဘေးမိသားစုကို ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်။ မစ္စတာ အာဘေးအနေနဲ့ ငြိမ်းချမ်း စွာ အနားယူနိုင်ပါစေ။ မြန်မာနိုင်ငံအပေါ် ပံ့ပိုးကူညီပေးခဲ့မှုတွေကို မြန်မာပြည်သူတွေအနေနဲ့ ဘယ်တော့မှ မေ့မှာမဟုတ် ပါဘူး။ ဝမ်းနည်းပူဆွေးနေရတဲ့ ဒီအချိန်မှာ ဂျပန်ပြည်သူတွေနဲ့အတူ မြန်မာနိုင်ငံက ရပ်တည်နေပါတယ်’ လို့ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားလိုက်ပါတယ်။
ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ရှင်ဇိုအာဘေးက နာရာမြို့မှာ ပြုလုပ်တဲ့ အထက်လွှတ်တော်အမတ်ရွေးကောက်ပွဲ မှာ အမတ်လောင်းတစ်ဦးအတွက် မဲဆွယ်စည်းရုံးရေးပြုလုပ်ပေးနေစဉ်အချိန်မှာပဲ သေနတ်သမားတစ်ဦးက လက်လုပ် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့တာပါ။
ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ရှင်ဇိုအာဘေးက ဂျပန်နိုင်ငံရဲ့ သက်တော်ရှည် ဝန်ကြီးချုပ်တစ်ဦးဖြစ်ပြီး မြန်မာ့နိုင်ငံရေးကို အကူအညီများစွာ ပေးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။