ဂျန်နရေးရှင်း Z တွေရဲ့ တီထွင်ဖန်တီးမှုစွမ်းအားက နှစ်ပေါင်းများစွာကြာမှ ရနိုင်မယ့် လက်နက်တွေကို လပိုင်း အနည်းငယ်နဲ့ ရရှိလာခဲ့တယ်လို့ ကာကွယ်ရေးအတွင်းဝန် ဦးနိုင်ထူးအောင်ပြောကြား
ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၂
နွေဦးတော်လှန်ရေးမှာ ဦးဆောင်ထွက်လာခဲ့တဲ့ ဂျန်နရေးရှင်း Z တွေရဲ့ တီထွင်ဖန်တီးမှုစွမ်းအားက နှစ်ပေါင်းများ စွာကြာမှ ရနိုင်မယ့်လက်နက်တွေကို လပိုင်းအနည်းငယ်နဲ့ ရရှိလာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင် ပြောကြားလိုက်ပါတယ်။
“လက်နက်ထုတ်လုပ်ရေးပေါ့။ ဂျန်နရေးရှင်း z ပေါ့။ တကယ်ကို သူတို့ရဲ့ တီထွင် ဖန်တီးနိုင်မှုစွမ်းအားမြင့်မားမှု တွေနဲ့ နှစ်ပေါင်းများစွာကြာမှ ရနိုင်မယ့် ပညာရပ်တွေကို လပိုင်းအနည်းငယ်အတွင်းမှာ ရရှိလာပြီးတော့ တိုးတက်မှုများစွာ စောင်ကြဉ်းလာနိုင်တယ်။ လက်နက်ရရှိရေးမှာ ခက်ခဲရင်တောင်မှ အခု ထုတ်လုပ်နိုင်ပြီဆိုတဲ့ အခြေနေတွေဆောင်ရွက်လာနိုင်ပါတယ်။” လို့ ကာကွယ်ရေး အတွင်းဝန် ဦးနိုင်ထူးအောင်က NST နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားလိုက်တာပါ။
တစ်နှစ်တာပြည့်မြောက်တော့မယ့် ကာလအတွင်းမှာ အဓိကဆောင်ရွက်ထားနိုင်တာကတော့ chain of command ဖြစ်ပြီး chain of command ရဲ့ အပေါ်မှာ ဗဟိုကွပ်ကွဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော် မတီ C3C ကို ထားပြီးဖွဲ့စည်းထားနိုင်ခဲ့တယ်ဆိုတာနဲ့ C3C ကိုဖွဲ့စည်းတာမှာ NUG တခုတစည်းမဟုတ်ဘဲနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေပါဝင်ထားတယ်လို့ ဆိုပါတယ်။
“ကာကွယ်ရေးဝန်ကြီးဌာန NUG တစ်ခုတည်းမဟုတ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အ စည်းတွေပါ ပါဝင်တဲ့ chain of command တစ်ခု လုပ်ဆောင် နိုင်ခဲ့တယ်။ ပြန့်ကြဲနေတဲ့ Local Defence Force တွေကို အတိုင်းအတာတစ်ခုပေါ့။ အားလုံးလို့တော့ကျနော် ပြောတာမဟုတ်ဘူး။ အတိုင်းအတာတစ်ခုအထိ chain of command ထဲမှာ ထည့်သွင်းပြီးတော့ တော်လှန်ရေး မှာ စနစ်တကျပါဝင်လာနိုင်အောင် ဆောင်ရွက်နိုင်ခဲ့တာရှီပါတယ်။” လို့ ဦးနိုင်ထူးအောင်က ဆက်ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအားလုံးကို စည်းကမ်းထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အကောင်းမွန်ဆုံး လုပ်ဆောင်ထားနိုင်ခဲ့တယ်လို့လဲ ပြောကြားထားတာတွေ့ရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့တွေကို သင်ကြားတဲ့အခါမှာလည်း code of conduct ကို အထူးအလေးပေးသင်ကြားပြီးတော့ စစ်သားကောင်း တစ်ယောက်မှာ လိုက်နာရမယ့် ကျင့်ဝတ်တွေကို အကောင်းဆုံးသင်ကြားပြသထားတယ်လို့ဆိုပါတယ်။
“PDF တွေက အဖွဲ့တွေ အများကြီးရှိနေတယ်။ နေရာတိုင်းမှာရှိနေတယ် ဆိုပေမယ့် စစ်ကောင်စီနဲ့ နှိုင်းယှဉ်မယ်ဆိုရင် စည်းကမ်းလိုက်နာမှုက ဘယ်လိုမှ နှိုင်းယှဉ်လို့မရအောင်စည်းကမ်း ရှိတယ်။ ပြည်သူတွေက အားကိုးတယ်။ ပြည်သူတွေ့ ယုံကြည်တယ်။” လို့ ဦးနိုင်ထူးအောင်က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ကတော့ တိုက်ပွဲအတွက် အသင့်ဖြစ်မယ့် လူ့စွမ်း အားအရင်းအမြစ်တွေကို မွေးထုတ်ထားပြီးဖြစ်သလို လက်နက်ရရှိရေးအပိုင်းမှာလည်း အတိုင်းအတာတစ်ခုအ ထိတော့ လုပ်ဆောင်ထားနိုင်တယ်လို့လည်း မှတ်ချက်ပေးထားတာတွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။