ဂိမ်းကစားရင်း တော်လှန်ရေးအတွက် လှူဒါန်းနိုင်ဖို့အတွက် TPS game တစ်ခုကို Shoot and Support အဖွဲ့ မိတ်ဆက်


ဂိမ်းကစားရင်း တော်လှန်ရေးအတွက် လှူဒါန်းနိုင်ဖို့အတွက် TPS game တစ်ခုကို Shoot and Support အဖွဲ့ မိတ်ဆက်
၂၀ နိုဝင်ဘာလ ၂၀၂၁
မြို့ပြပျောက်ကျားတွေနဲ့ ထိုးစစ်တအားဆင်နွှဲ ခံနေရတဲ့ရှေ့တန်းနေရာတွေကို လိုအပ်တဲ့ ငွေကြေးနဲ့ ပစ္စည်းရိက္ခာထောက်ပံ့ဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာဆိုတဲ့ TPS Game ကို Shoot and Support အဖွဲ့က မိတ်ဆက်လိုက်ပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း မိမိကိုယ်တိုင် တော်လှန်ရေးတပ်သား တယောက်၊ PDF တပ်သားတစ်ယောက်အနေနဲ့ ကစားလို့ရမယ့်ဂိမ်းဆိုပြီးတော့လည်း ညွှန်းဆိုထားတာတွေ့ရပါတယ်။
ဒီတစ်ခါ Game လေးကတော့ အတော်လေးကိုကောင်းတာကြောင့် Ads ကြည့်ရင်း ထောက်ပံ့ချင်တဲ့သူတွေတွက် အရမ်းသဘောကျမှာလို့ မှတ်ချက်ပြုထားကြပါတယ်။ ဂိမ်းကစားသူတွေအနေနဲ့ Click 2 Donate တို့လို Support ပေးမှာဖြစ်ပြီး Game ဆော့တဲ့အခါ VPN နဲ့ ဖွင့်ဆော့ကြဖို့ အတွက် အကြံပြုချက်တွေပေးထားတာတွေ့ရပါတယ်။ ကစားရမဲ့ ပုံစံကတော့ Military Base ကို တစ်ယောက်တည်း သွားတိုက်ရမယ့် ပုံစံမျိူးဖြစ်ပြီး Map သုံးခုအပြင် ကားပါ မောင်းလို့ရပါတယ်။ သေနတ်တွေကစ Free ကိုင်လို့ရပြီး ကျည်အကန့်အသတ်နဲ့ Army တစ်ခုလုံးကို ဖြိုရမှာမလို့ အရမ်းကို Challenge ဖြစ်တာပါ။ ရန်သူသေရင် HP နဲ့ Armor ရမှာဖြစ်တာကြောင့် များများသတ်နိုင်လေ ကောင်းလေဆိုတာမျိူးပါ။ သေပြီးတိုင်း Ads တက်မှာ ဖြစ်တဲ့အပြင် ကျည်ကဒ်ပါ Ads နဲ့ အပိုဆောင်လို့ရတာကြောင့် ကြေငြာကြည့်ရင်း Game လည်းဆော့ရင်း Support ပေးပြီးသားဖြစ်နေပါတယ်။
ဂိမ်းပုံစံက ရိုးရှင်တယ်၊ လွယ်ကူတယ်ဆိုပေမဲ့ ဒီထက်ပိုပြီး တိုးတက်အောင် လုပ်ဆောင်စေချင်တဲ့အကြောင်းလည်း မှတ်ချက်ပြုရေးထားတာတွေ တွေ့ရပါတယ်။
မှတ်ချက်ပြုသူတွေကတော့ “သဘောကျတဲ့ အပိုင်းကတော့ ထုံးစံတိုင်း မဲမဲမြင်ရာပစ်ဆိုသလို စကတည်း အုပ်လိုက်ကြီး ကိုက်တော့တာဘဲ။ ဒါပေမယ့် AI ရဲ့ Brain Level အတိုင်း လူများတယ်ဆိုပြီး ပေါ်တင်လာပစ် ၊ ပစ်တဲ့ ကျည်ကလည်း ပတ်ရှောင်လို့ရနေတော့ တကယ်ကို တူပါပေတယ်။ ပြောရရင် ကျည်ပို Ads မကြည့်ဘဲ တစ်ကောင်သေ ၊ Hp ဖြည့် ကျည်ကဒ်ရဆိုတာလေးက ကိုယ်တွေတွက်တော့ Challenge ဖြစ်တယ်။ Head Shot မှန်ရင်ကို ကျည်ကုန်သက်သာတာ။” လို့ ရေးထားကြပါတယ်။ Shoot and Support အဖွဲ့ကတော့ ဂိမ်းကို Playstore ကပဲ ဒေါင်းပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။ ဒါအပြင် 5 stars နဲ့ Good Review လေးလဲ ပေးခဲ့ဖို့အတွက်လည်း မေတ္တာရပ်ခံထားပါသေးတယ်။
ဂိမ်းကစားချင်သူတွေအတွက်ကတော့
Website link – https://shootandsupport.studio
Playstore – https://play.google.com/store/apps/details…
Apk Pure – https://m.apkpure.com/end-game…/studio.shootandsupport.SAS
တွေကနေ ဒေါင်းလုဒ်ဆွဲ ရယူနိုင်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.