ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်က ချောင်းဦး-ပခုက္ကူလမ်းပိုင်းကို အရေးပေါ်အခြေအနေအရ ယာယီပိတ်ထားမယ် လို့ ကြေညာ
ဇွန် ၂၉ ၊ ၂၀၂၂
ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်က ချောင်းဦး-ပခုက္ကူလမ်းပိုင်းကို အရေးအပေါ်အခြေအနေအရ ယာယီပိတ်ထား မယ်ဆိုတာနဲ့ ပြည်သူတွေအနေနဲ့ လုံခြုံရေးအတွက် ဒီနေ့မနက်က စပြီး လုံးဝအသုံးမပြုကြဖို့ ကြေညာလိုက်ပါတယ်။
ကြေညာချက်ထဲမှာတော့ ဇွန် ၂၉ ရက် (ဒီနေ့)မနက်ကစလို့ ချောင်းဦး-ပခုက္ကူလမ်းပိုင်းကို အရေးအခြေအနေအရ ယာယီ ပိတ်ထားလိုက်တယ်ဆိုတာနဲ့ ယာယီပိတ်ထားတဲ့အချိန်အတွင်းမှာ ပြည်သူတွေအနေနဲ့ လုံခြုံရေးအတွက် လမ်းကို လုံးဝ အသုံးမပြုကြဖို့အတွက်နဲ့ လိုက်နာခြင်းမရှိဘူးဆိုရင် ဖြစ်လာမယ့် ကိစ္စတွေအတွက် အာမမခံဘူးလို့ ဆိုထားပါတယ်။
ချောင်းဦး-ပခုက္ကူလမ်းပိုင်းမှာ သွားလာနေကြတဲ့ မော်တော်ယာဉ်တွေအနေနဲ့လည်း အန္တရာယ်ကင်းရှင်းစေရေးအတွက် ရောက်ရာ အရပ်မှာ ခေတ္တရပ်နားထားကြဖို့အတွက်နဲ့ မိမိတို့ရဲ့ ဆွေးမျိုးမိတ်ဆွေတွေထဲမှာ အဲဒီလမ်းပိုင်းကို အသုံးပြုနေ တဲ့သူတွေရှိရင် ထပ်ဆင့်အကြောင်းကြားပေးဖို့အတွက်လည်း မေတ္တာရပ်ခံထားပါတယ်။
အခုလို လမ်းပိုင်းကို ယာယီပိတ်လိုက်ရတာက အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဒီနေ့မနက် ၆ နာရီ အချိန်ခန့် လောက်မှာ ချောင်းဦးမြို့နယ်၊ တောကျောင်းကြီး ကျေးရွာကနေ ဆင်ဖြူရှင်တံတားကိုဖြတ်ပြီး မြောင်မြို့နယ် ရွှေပန်း ကျေးရွာနဲ့ ရွှေပန်းကျွန်းကျေးရွာတွေကို သေနတ်တွေနဲ့ပစ်ပြီးတော့ ဝင်ရောက်ခဲ့တဲ့အတွက် အခုလိုပြုလုပ်ခဲ့ရတာဖြစ် တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်က ပြောထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြီးခဲ့တဲ့ ဇွန် ၉ ရက်မှာ ချောင်းဦး – ပခုက္ကူလမ်းပိုင်းရဲ့ ဆင်ဖြူရှင်တံတားက စစ်ဆေးရေး ဂိတ်နဲ့ ရဲကင်းစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖြတ်ဆီးခဲ့ကြတာပါ။ အဲဒီတံတားသိမ်းတိုက်ပွဲမှာ အကြမ်းဖက် စစ်တပ်ဘက်က ၃ ယောက်သေပြီး လက်နက်ခဲယမ်းတွေ အများအပြားသိမ်းဆည်းရမိခဲ့ပါတယ်။
ဓာတ်ပုံ – ရေစကြို PDF (ဇွန် ၉ ရက် ဆင်ဖြူရှင်တံတားကို သိမ်းပိုက်တဲ့ တိုက်ပွဲပြုလုပ်ခဲ့စဉ်)
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။