ချောင်းဦးတိုက်ပွဲမှာ ပျူစောထီး ၂ ယောက်သေ
ဇန်နဝါရီ ၂၅၊ ၂၀၂၂
ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာ အနောက်ဘက် ချင်းတွင်းမြစ်သောင်ပြင်ကို အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ပျူစောထီးလက်နက်ကိုင်တွေက ဇန်နဝါရီလ ၂၄ ရက်နေ့ နေ့လည်ပိုင်းမှာ ဆင်းလာတာကို CHUPDF တပ်ခွဲ ၂ က ရဲဘော်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ CHUPDF က ထုတ်ပြန်ပါတယ်။
အဲ့ဒီတိုက်ပွဲမှာ ပျူစောထီးဘက်က အကြမ်းဖက် (၂) ယောက်သေဆုံးတာကြောင့် အလောင်းတွေကို
ဆွဲ ရွာထဲကို ပြန်ဝင်ပြေးသွားခဲ့ကြပြီး CHUPDF ရဲဘော်တွေကတော့ အန္တရာယ်ကင်း စွာဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
#SpringRevolution
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။