ချင်းပြည်နယ်အတွင်းမှာ အခက်ခဲပေါင်းစုံရင်ဆိုင်နေရတဲ့ CDM ဆရာ/မ တွေ ကျောင်းသား/သူ တွေကို ချင်းပြည်၏ တော်လှန်ပညာ သူရဲကောင်းများအဖြစ် သတ်မှတ်ကြောင်း ICNCC ထုတ်ပြန်

ချင်းပြည်နယ်အတွင်းမှာ အခက်ခဲပေါင်းစုံရင်ဆိုင်နေရတဲ့ CDM ဆရာ/မ တွေ ကျောင်းသား/သူ တွေကို ချင်းပြည်၏ တော်လှန်ပညာ သူရဲကောင်းများအဖြစ် သတ်မှတ်ကြောင်း ICNCC ထုတ်ပြန်

အောက်တိုဘာ ၆၊ ၂၀၂၂

ကမ္ဘာ့ဆရာများနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ချင်းပြည်တွင်း စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုဖြစ်ထွန်းရေးနဲ့ ညီညွတ်တဲ့ ချင်းပြည်တည်ဆောက်ရေးအတွက် ကိုယ်ကျိုးစွန့် ပါဝင်ဆောင်ရွက်နေကြတဲ့ CDM ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသူ၊ ကျောင်းသားများအားလုံးကို ချင်းပြည်နယ်ရဲ့ တော်လှန်ပညာ သူရဲကောင်းတွေအဖြစ် လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ က အောက်တိုဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ ကို ဂုဏ်ပြုတဲ့ အနေနဲ့ အခက်အခဲမျိုးစုံကို ရင်ဆိုင်ပြီး စေတနာအပြည့်နဲ့ ကိုယ်ကျိုးစွန့်ပါဝင် ဆောင်ရွက်နေတဲ့ ချင်းပြည်နယ်အတွင်းက ပြည်သူ့ပညာရေး ဘုတ်အဖွဲ့နဲ့ ဘာသာရေးအဖွဲ့တွေ အရပ်ဘက်ပညာရေးအဖွဲ့အစည်းတွေက ဆရာ ဆရာမတွေ ကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို တစ်မျိုးသားလုံးပါဝင်ပြီး တော်လှန်စစ်ဆင်နွဲနေရတဲ့ အချိန်မှာ ပညာရေးကို ဘေးဖယ်ချန်လှပ်မထားပဲ မရဘဲ နည်းမျိုးစုံနဲ့ အကောင် အထည်ဖော်နေကြရမယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ချင်းပြည် ဖက်ဒရယ်ပညာရေးစနစ်ကို တစ်ဆင့်ပြီး တစ်ဆင့် ပုံဖော် ထုဆစ်သွားမယ်လို့ ပြောပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.