ချင်းပြည်နယ်မှာ ဇန်နဝါရီလ တလအတွင်း တိုက်ပွဲ ၇၁ ကြိမ် ဖြစ်ပွား စစ်ကောင်စီ ၁၉၇ ယောက် သေဆုံး
ဖေဖော်ဝါရီ ၃၊ ၂၀၂၂
ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) အဖွဲ့ဝင် တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေအကြားမှာ ဇန်နဝါရီလအတွင်း တိုက်ပွဲ ၇၁ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉၇ဦး သေဆုံးခဲ့တယ်လို့ CJDCက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၈ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ ဘက်က ဒဏ်ရာရ စာရင်းဟာ ပိုများနိုင်ချေရှိတယ်လို့ ဖော်ပြထားပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေ က ချင်းပြည်နယ်ကို အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် လာတာကို ချင်းအမျိုးသားတပ်မတော်(CNA) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ချင်းပြည်နယ်အတွင်း CJDC အဖွဲ့ဝင် တပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့တာတွေကို မြို့နယ်အလိုက် ဖော်ပြခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။