ချင်းပြည်နယ်မတူပီက ပြည်သူ ၁၀ ယောက်ကို တရားဥပဒေမဲ့ သတ်ဖြတ်မှု အပေါ် GMO ပြင်းပြင်းရှုတ်ချ

ချင်းပြည်နယ်မတူပီက ပြည်သူ ၁၀ ယောက်ကို တရားဥပဒေမဲ့ သတ်ဖြတ်မှု အပေါ် GMO ပြင်းပြင်းရှုတ်ချ
ဇန်နဝါရီ ၁၁၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီ စစ်တပ်က ချင်းပြည်နယ် မတူပီမြို့နယ်မှာ ဇန်နဝါ ရီလ ၈ ရက်နေ့က ပြည့်သူ ၁ဝ ယောက်ကို တရားဥပဒေမဲ့ လူသားမဆန်စွာ သတ်ဖြတ်တဲ့အပေါ် ကမ္ဘာလုံးဆိုင်ရာ မတူအဖွဲ့အစည်း (GMO) က ပြင်းပြင်း ထန်ထန် ရှူတ်ချကြောင်း မနေ့ ဇန်နဝါ ၁၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒီလို တရားဥပ​ဒေမဲ့ သတ်ဖြတ်တာကို လုံးဝလက်ခံလို့မရပဲ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ကြီးလေးအပြစ်ဖြစ်သတ်မှတ်ပြီး ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ GMO က ဆိုပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မတူအဖွဲ့အစည်း(GMO)က ဇန်နဝါရီလ ၈ ရက် နေ့မှာ အ ကြမ်းဖက်စစ်ကောင်စီတပ်သားတွေ လက်ချက်နဲ့ အသက်စွန့်သွားတဲ့ ပြည်သူ ၁ဝ ယောက်ကို အထူးအသိအမှတ်ပြုပြီး ကျန်ရစ်တဲ့ မိဘဆွေမျိုးအားလုံးနဲ့အတူတကွ ရပ်တည်တယ်လို့ ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မတူအဖွဲ့အစည်း(GMO)က ကမ္ဘာအနှံ့မှာ နေထိုင်ကြတဲ့ မတူသားအားလုံးနဲ့ မတူ အဖွဲ့အစည်းအားလုံးကို ဒီလိုခက်ခဲတဲ့ ကာလတွေမှာ
မိမိတို့ရဲ့ မျိုးနွယ်ငယ်လေးတွေနဲ့ အလုပ်မလုပ်ကြပဲစုပေါင်းအင်းအားနဲ့ အလုပ်လုပ်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်တာ တွေ့ရပါတယ်။

ကမ္ဘာ့လုံးဆိုင်ရာ မတူအဖွဲ့အစည်း(GMO)က မတူတစ်မျိုးသားလုံးအတွက် အထူးလိုအပ်နေတဲ့ စည်းလုံးမှု့ကို ပျက်ပြားစေမယ့် မည်သည့်လူပုဂ္ဂိုလ် အဖွဲ့အစည်း အသင်းအဖွဲ့တွေဖြစ်ဖြစ် လုံးဝ လက်ခံမည်မဟုတ်ဘူး လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

#SpringRevolution
#PVTV
#PVTVNe


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.