ချင်းတွင်းမြစ် အနောက်ဘက်ကမ်းဒေသ လူငယ်သပိတ်ခေါင်းဆောင်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီး

ချင်းတွင်းမြစ် အနောက်ဘက်ကမ်းဒေသ လူငယ်သပိတ်ခေါင်းဆောင်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီး
◾️ဖမ်းဆီးခံရချိန်ကစပြီး မိသားစုနဲ့ အဆက်အသွယ်လုံးဝမရဘဲ စ စ်ကြောရေးမှာ အသက်အန္တရာယ်စိုးရိမ် နေရဟုဆို
ဇူလိုင် ၁၁ ၊ ၂၀၂၂

ချင်းတွင်းမြစ် အနောက်ဘက်ကမ်းဒေသ လူငယ်သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဝင်းမိုးဇော်(ခ) အဝင်းလေကို အကြမ်းဖက်စစ်တပ်က ဇူလိုင် ၂ ရက်မှာ ဘုတလင်မြို့နယ်၊ မောင်းထောင်ကျေးရွာအနီး မတရားဖမ်းဆီးလိုက်တယ်လို့ အနောက်မြောက်လွင်ပြင်သပိတ်အင်အားစုက သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရပြီးနောက် ကိုဝင်းမိုးဇော်ကို ကူတော်ရဲစခန်းမှာ စစ်ကြောရေးပြုလုပ်နေတယ်လို့ သတင်းရထားပြီး ဖမ်းဆီးခံ ရချိန်ကနေစပြီး ယနေ့အထိ မိသားစုဝင်တွေဆီ လုံးဝအဆက်အသွယ်မပြုလုပ်သေးဘူးလို့ အနောက်မြောက်လွင်ပြင် သပိတ်အင်အားစုက ဇူလိုင် ၁၁ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန် ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကြောရေးမှာ သပိတ်ခေါင်းဆောင် ကိုဝင်းမိုးဇော်အတွက် အသက်အန္တရာယ်များစွာ စိုးရိမ်ရတယ်ဆိုပြီးတော့လည်း ဖော်ပြထားပါတယ်။

ဒါအပြင် ဖမ်းဆီးခံရချိန်မှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ဖမ်းဆီးခံရပြီးနောက် ဖြစ်လာမယ့် ကိစ္စတွေအားလုံးအ တွက် အကြမ်းဖက်စစ်ကောင်စီက တာဝန်ယူရမယ်လို့လည်း ဖော်ပြထားပါတယ်။ ကိုဝင်းမိုးဇော်ရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေးကို အထူးစိုရိမ်ပူပန်နေကြတဲ့အတွက် သက်ဆိုင်ရာ မိသားစုဝင်တွေကို အမြန်ဆုံး ဆက်သွယ်ဖို့အတွက်လည်း အလေးအနက်ထား တောင်းဆိုထားတာ တွေ့ရပါတယ်။

ဒါအပြင်ချင်းတွင်းမြစ်အနောက်ဘက်ကမ်းဒေသ လူငယ်သပိတ်ခေါင်းဆောင် ကိုဝင်းမိုးဇော်(ခ)အဝင်းလေးရဲ့ အခြေအနေမှန်ကို သိရှိနိုင်ရေး၊ အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုရှိရေး၊ မိသားစုဝင်များ၊ မိတ်ဆွေများနဲ့ အမြန်ဆုံး အဆက်အသွယ်ရရှိရေးတို့အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ရှေ့နေရှေ့ရပ်များ၊ သံရုံးနှင့် သံတမန် အဖွဲ့အစည်းများအပါအဝင် တတ်စွမ်းနိုင်သူများအနေနဲ့ အရေးပေါ် ကြားဝင် ကူညီဆောင်ရွက်ပေးဖို့အတွက်လည်း အထူးလေးနက်စွာ မေတ္တာရပ်ခံ၊ အကူအညီတောင်းထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.