ခလရ ၉၇ တပ်မှာ အဖမ်းခံရတာနဲ့ သေတာများနေလို့ မိန်းမဖြစ်သူတွေက မင်းအောင်လှိုင်ကို တပ်ထဲမှာတင် ဆဲဆိုမှုတွေပြုလုပ်နေ

ခလရ ၉၇ တပ်မှာ အဖမ်းခံရတာနဲ့ သေတာများနေလို့ မိန်းမဖြစ်သူတွေက မင်းအောင်လှိုင်ကို တပ်ထဲမှာတင် ဆဲဆိုမှုတွေပြုလုပ်နေ
မတ် ၁၃ ၊ ၂၀၂၂

KNU နဲ့ တိုက်ပွဲမှာ ခလရ ၉၇ တပ်ရဲ့ အရာရှိတွေ အသေများခဲ့ရတဲ့အပြင် ဖမ်းဆီးခံရတာတွေပါ ရှိလာခဲ့လို့ အရာ ရှိတွေရော စစ်သားတွေရဲ့ မိန်းမတွေပါ မင်းအောင်လှိုင်ကို တပ်ထဲမှာ ဆဲဆိုမှုတွေပြုလုပ်နေကြတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး People’s Spring ကဖော်ပြခဲ့ပါတယ်။

“မိန်းမတွေ ကမ္ဘာပျက်နေတာထိန်းမရဘူး မအလကို ကိုင်ဆဲနေတာ။ ထိမ်းမည့်သူမရှိ တခြားတပ်တွေ ဆီပေါက်မှာစိုးလို့ ဗျူဟာမှူးသွားချော့လည်းမရဘူး။ ပေါက်ကုန်ပြီ။ နောင်ဆို တပ်တွေက ရင်ဆိုင်တာနဲ့လက်နက်ချ ပြေးဖို့ပဲတိုင်ပင်နေကြပြီ။ သူတို့အဖြစ်က နိုင်လည်းလူမုန်း ရှုံးရင်လည်းသေလေ”လို့ တပ်တွင်း သတင်းပေးပို့လာသူက People’s Spring ကိုပြောထားတာပါ။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ ခလရ(၉၇)တပ်မှ စစ်ကောင်စီတပ်ရဲ့ အရာရှိစစ်သည်တွေရဲ့ဇနီးတွေက ၎င်းတို့ရဲ့ ယောကျ်ာတွေ ရှေ့တန်းမှာ မရှုမလှရှုံံးနိမ့်ပြီး သေဆုံးထိခိုက်မှု၊ ဖမ်းဆီးခံရတဲ့အပေါ် ဆောက်တည်ရာမရဖြစ်နေတယ်လို့ ဆိုပါတယ်။

ခလရ (၉၇)တပ်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ အခြေစိုက်တပ်ဖြစ်ပြီး မတ်လ ၁၁ရက်က ဖာပွန်ခရိုင်မှာ KNU တပ်မဟာ(၅)ဦးဆောင်ပြီး BPLA အပါအဝင် ပူးပေါင်းတပ်နဲ့ဖြစ်တဲ့ တိုက်ပွဲမှာ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး ၁၆ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အရာရှိတွေအပါအဝင် ဒဏ်ရာရသူ ၁၁ဦးရှိခဲ့ပြီး RPG၊ စက်သေနတ်၊ လက်ဖြောင့်သေနတ်အပါအဝင် လက်နက် မျိုးစုံ ၂၉လက်နဲ့ ကျည်၊ ခဲယမ်း အများအပြားကို KNU က သိမ်းဆည်းရရှိခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ခဲယမ်းများရရှိမှု ဓာတ်ပုံ၊ ရုပ်သံဖိုင်တွေကို KNUက ယမန်နေ့က ထုတ်ပြန်ခဲ့ရာ ခလရ (၉၇) နောက်တန်းဌာနချုပ် တပ်တွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးတွေ၊ မိသားစုတွေအကြား ဆောက်တည်ရာမရဘဲ မင်းအောင်လှိုင်ကို ဆဲဆိုနေမှုများပင်ရှိနေတယ်လို့ ဆိုထားပါတယ်။

“မိန်းမတွေ ကမ္ဘာပျက်နေတာထိန်းမရဘူး မအလကို ကိုင်ဆဲနေတာ။ ထိမ်းမည့်သူမရှိ တခြားတပ်တွေ ဆီပေါက်မှာစိုးလို့ ဗျူဟာမှူးသွားချော့လည်းမရဘူး။
ပေါက်ကုန်ပြီ။ နောင်ဆို တပ်တွေက ရင်ဆိုင်တာနဲ့လက်နက်ချ ပြေးဖို့ပဲတိုင်ပင်နေကြပြီ။ သူတို့အဖြစ်က နိုင်လည်းလူမုန်း ရှုံးရင်လည်းသေလေ”လို့ တပ်တွင်း သတင်းပေးပို့လာသူက ပြောပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ- ၁၂) မှ ဗျူဟာမှုးကိုယ်တိုင် ခလရ ၉၇ တပ်ရင်းဌာနချုပ်ကို သွားရောက်ထိန်းသိမ်းနေရပါတယ်။

ရှေ့တန်းထွက်တဲ့ ခလရ(၉၇) တပ်ရင်း အခြေအနေမှာ ယာယီတပ်ရင်းမှူး အပါအဝင်၂၀ဦး သေဆုံးပြီး ၁၀ဦးကျော် ပျောက်ဆုံးနေကြောင်း၊ ၁၆ဦး အဖမ်းခံခဲ့ရပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၁၀ဦးခန့်သာတပ်ရင်းကို ပြန်လည်ရောက်ရှိခဲ့တာပါ။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.