ခလရ ၂၇၄ တပ်ရင်းက တပ်သား ဟိန်းမင်းနိုင် လက်နက်နဲ့အတူ CDM ပြုလုပ်
◾️ ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်က ကျပ်သိန်း ၈၀ ဆုငွေချီးမြှင့်
ဇူလိုင် ၂၀ ၊ ၂၀၂၂
အကြမ်းဖက်စစ်တပ်ရဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့ အခြေစိုက် ခလရ ၂၇၄ တပ်ရင်းက အကြမ်းဖက်စစ်ကောင်စီတပ်သား ဟိန်းမင်းနိုင်က လက်နက်အတူ CDM ပြုလုပ်လာခဲ့ပြီး ကျောက်ထုပြည်သူ့ကာကွယ်ရေးတပ် (ကျောက်ထုPDF) က ကျပ်သိန်း ၈၀ ကို ဆုငွေအဖြစ် ချီးမြှင့်ခဲ့ပါတယ်။
တပ်သား ဟိန်းမင်းနိုင်က ဇူလိုင် ၁၈ ရက်မှာ CDM ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ကျောက်ထု PDF (YRPA) နဲ့ ချိတ်ဆက်ပြီး MA-1 တစ်လက်၊ ကျည်အိမ် ၅ခု၊ ကျည် ၂၇၀ တောင့် နဲ့အတူ CDM ပြုလုပ်ခဲ့တာပါ။
ကျောက်ထု PDF ကလည်း CDM ပြုလုပ်လာတဲ့ တပ်သား ဟိန်းမင်းနိုင်ကို ဆုကြေးငွေနဲ့အတူ လွတ်မြောက်နယ်ကို ပို့ ဆောင်ပေးခဲ့တယ်လို့ အသိပေးထားပြန်လိုက်ပါတယ်။
ဒါအပြင် ပြည်သူရင်ခွင်ကို ခိုလှုံပြီး CDM ပြုလုပ်လိုတဲ့ စစ်သား၊ ရဲသားတွေအနေနဲ့လည်း ကျောက်ထုPDF (YRPA) ကို အချိန်မရွေး ဆက်သွယ်ချိတ်ဆက်နိုင်တယ်ဆိုပြီးတော့ အသိပေးထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- ကျောက်ထုPDF(YRPA)
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။