ခင်ဦးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်က မြေပြင်ကစစ်ကြောင်းထိုးနေသလို စစ်ပွဲသုံးရဟတ်ယာဉ်တွေနဲ့ ပြည်သူ တွေကို လိုက်လံပစ်ခတ်မှုပြုလုပ်နေ
ဇူလိုင် ၁၈ ၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က မြေပြင်ကနေ စစ်ကြောင်းထိုးမှုတွေပြုလုပ် နေသလို စစ်ပွဲသုံး ရဟတ်ယာဉ်တွေနဲ့လည်း ပြည်သူတွေကို လိုက်လံပစ်ခတ်မှုတွေပြုလုပ်နေပါတယ်။
အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ သာဝတ္တိ၊ မုံလှ၊ ကျောက်တိုင်၊ ကျည်စု၊ ငါးယုံကြီးနှင့် ရှားတောကျေး ရွာတွေအနီးက တောတန်းတွေဆီကို ဒီနေ့မနက် ၉ နာရီကျော်အချိန်ကစလို့ စစ်ပွဲသုံး ရဟတ်ယာဉ်ဖြစ်တဲ့ Mi-35 အမျိုး အစားရဟတ်ယာဉ် ၃ စီးနဲ့ လိုက်လံပစ်ခတ်မှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်တပ်က မြေပြင်စစ်ကြောင်းမှာလည်း အင်အား ၁၂၀ ကျော်နဲ့ သာဝတ္ထိ၊ မုံလှကျေးရွာဖက်တွေကို စစ်ကြောင်းထိုးပြီးဝင်ရောက်နေတဲ့အပြင် မြင်းကျ၊ ကင်းပြစ်၊ တဲစု၊ မဒေါင်းကြီးနဲ့ ပင်စိမ်းကင်း ကျေးရွာတွေမှာလည်း ရဟတ်ယာဉ်တွေ ပျံနေတယ်လို့ မြေလတ်အသံသတင်းဌာနက ဖော်ပြထားပါတယ်။
ထိခိုက်မှုအခြေအနေတွေကို မသိရသေးဘဲ ရဟတ်ယာဉ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ခင်ဦးမြိုနယ် သတင်းမှန်ပြန်ကြားရေးက ပြောကြားထားပါတယ်။
ဓာတ်ပုံ – မြေလတ်အသံ
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။