ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ကျရှုံးရေး အတုအယောင် ရွေးကောက်ပွဲ တားဆီးဟန့်တားရေးအတွက် ဆန္ဒပြ
ဇန်နဝါရီ ၃၁ ၊ ၂၀၂၃
ခင်ဦးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ် ကျရှုံးရေးနဲ့ အတုအယောင် ရွေးကောက်ပွဲ တားဆီးဟန့်တားရေးအတွက် ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြတော်လှန်ပြည်သူတွေက “အရေးတော်ပုံအောင်ရမည်” ၊ “စုပေါင်းအားဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်စို့” အစရှိတဲ့ စာသားတွေ ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ခင်ဦးမြို့နယ်အတွင်းကျေးရွာ ပ.အ.ဖ ၊ ပ.က.ဖ တွေနဲ့ ပညာရေး မိသားစုတွေက ပြည်သူလူထုနဲ့အတူ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ (လုံးဝ) လက်မခံ တားဆီး ဟန့်တားမှုများ ဆောင်ရွက်နိုင်ရေး စည်းရုံး လှုံ့ဆော်မှုတွေ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။