ခင်ဦးတွင် ပြည်သူပိုင်ပစ္စည်းခိုးယူပြီး ရှေ့ပြေးကင်းတက်လာတဲ့ အကြမ်းဖက်စစ်အုပ်စု PDFနဲ့တွေ့ပြီး စစ်သား နှစ်ဦးသေ
မတ် ၁၈၊၂၀၂၃
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ပြည်သူပိုင်ပစ္စည်းတွေ
ခိုးယူပြီး ရှေ့ပြေးကင်းတက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုမှာ PDFနဲ့တွေ့ပြီး စစ်သား နှစ်ဦးသေဆုံးခဲ့တယ်လို့ KhinUSpecialforceOrganization_KSOက ပြောပါတယ်။
ခင်ဦးမြို့နယ် အနောက်ခြမ်း ရေဦးမြို့နဲ့ ၂မိုင် အကွာမှာ ရှိတဲ့ အင်းပတ်ကွေ့ဈေးတန်းအထိုင်ချနေတဲ့ အကြမ်းဖက်စစ်သားနဲ့ ရွာသစ်ကုန်းပျူ ၄၀ ဝန်းကျင်ဟာ မတ် ၁၇ရက် မနက်ပိုင်းက ညောင်ပင်ခြံကျေးရွာ နဲ့ ဆည်ကြီးကျေးရွာတွေကိုလက်နက်ကြီးငယ် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်ပစ္စည်းတွေကို မတရားခိုးယူသွားပါတယ်။
ပြည်ပိုင်ပစ္စည်းခိုးယူသယ်ဆောင်လာပြီးနောက် အောင်ချမ်းသာ(ခ)ချမ်းသာကုန်းကျေးရွာကနေ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး အထိုင်ချစခန်းကို ပြန်လာချိန် ေရှ့ပြေးကင်းထောက်တဲ့ စစ်သား၄ဦးကို ချမ်းသာကုန်းကျေးရွာထိပ်မှာ KSOတပ်ဖွဲ့၊ မြို့နယ်ပကဖ၊ မြို့နယ်တပ်ရင်းနဲ့ မဟာမိတ်LDF တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
ထိပ်တိုက်တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှု၁၀မိနစ်ဝန်းကျင် ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်တပ်သား နှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။
ရှေ့ပြေးကင်းနောက်က လိုက်လာတဲ့အကြမ်းဖက်စစ်သားတွေဟာ ၄၀မမ တွေ၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သလိုရေဦးမြို့ တိုင်းရင်းဆေးရုံက စစ်သားတွေကလည်း ၈၀ မမလက်နက်ကြီးတွေနဲ့ ကူပစ်ပေးခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲ ဖြစ်ပွားပြီးနောက် ပြည်သူ့ရဲဘော်တွေ နယ်မြေရှင်းလင်းရေးလုပ်ခဲ့ရာ ညောင်ပင်ခြံနဲ့ ဆည်ကြီးကျေးရွာက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူမွှေနှောက်သွားခဲ့သလို ချမ်းသာကုန်းကျေးရွာက တောတဲ၁လုံးနဲ့ ကောက်ရိုးပုံ၃ပုံကို အကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဒီအပြင် အကြမ်းဖက်စစ်တပ်က အသုံးပြုခဲ့တဲ့ ၄၀မမ အခွံ၈ခု၊ မပေါက်ကွဲသေးတဲ့ ၄၀မမတစ်လုံး၊ ၆၀မမ ပို့ယမ်းအိတ်ငယ်-၃ခု နဲ့ ကျည်ခွံတွေ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။