ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို အသိအမှတ်ပြုတယ်လို့ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ ကြေညာချက်ထုတ်
ဇွန် ၂၉ ၊ ၂၀၂၂
ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို အသိအမှတ်ပြုတယ်လို့ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီက ဇွန် ၂၉ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ၂၀၂၂ ခုနှစ် မေလ (၂၄) ရက်နေ့ ကျင်းပပြုလုပ်တဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ပုံမှန် အစည်းအဝေးမှာ အစုအဖွဲ့အားလုံးက မူအရ သဘောတူညီခဲ့တယ်လို့ ဆိုထားသလို ၂၀၂၂ ခုနှစ် ဇွန်လ (၁၅) ရက်နေ့ ကျင်းပပြုလုပ်တဲ့ ကောင်စီပုံမှန်အစည်းအဝေးမှာ ထပ်ဆင့်ဆုံးဖြတ် သဘောတူညီခဲ့တယ်လို့ ဖော်ပြထားပါ တယ်။
ဒါအပြင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂)၊ အခန်း (၈)၊ ပုဒ်မ (၅၂) ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး ဒီကြေညာချက်ထုတ်ပြန်တဲ့နေ့မှာ ချင်းပြည်နယ်အတွင်း ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်း တွေဆောင် ရွက်ဖို့အတွက် ဖွဲ့စည်းထားပြီးဖြစ်သော မြို့နယ်/ဒေသဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို အသိအမှတ် ပြုကြောင်း ထုတ်ပြန်ကြေညာလိုက်တာဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။