ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အ စည်းအဝေးပြုလုပ်၊ ပြည်သူ့တရား စီရင်ရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား
မတ် ၁၆ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်း အဝေး (၆/၂၀၂၂) ကို မတ် ၁၅ ရက်က မွန်းလွဲ ၂ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ တရားရေးဝန်ကြီးဌာနတို့အနေနဲ့ ပြည်သူ့တရားစီရင်ရေးလုပ်ငန်းတွေကို ဦးစားပေးပြီး အမြန်ဆုံး ပူးပေါင်းအ ကောင်အထည်ဖော်ကြဖို့နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေ၊ ပြည်သူရဲ့တပ်ဖွဲ့ ပေါ်ပေါက်လာအောင် အမြန်ဆုံး ဆောင်ရွက် ကြဖို့၊ ကြားကာလပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေကို အရှိန်တိုးမြှင့်လုပ်ဆောင်ကြဖို့အတွက် လမ်းညွှန်မှာကြား မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထာင်စုဝန်ကြီး ဦးလွင်ကိုလတ်က မြေပြင်ဆောင်ရွက်ထား ချက်တွေနဲ့ ပတ်သက်ပြီးတော့ အစည်း အ ဝေးမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။
စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးကလည်း ဘဏ္ဍရေးလုပ်ထုံး လုပ် နည်းတွေနဲ့ စပ်လျဉ်းပြီးတော့ ရှင်းလင်းတင်ပြခဲ့ပါတယ်။
ဒါအပြင် ကြားကာလ အထူးအုပ်ချုပ်ရေး ဒေသအခြေအနေ၊ တရားရေးလုပ်ငန်း ကိစ္စရပ်တွေ၊ ပြည်သူ့ရဲတပ်ဖွဲ့ ပေါ်ပေါက်လာရေး ကိစ္စရပ်တွေအတွက် အစည်းအဝေးမှာ တက်ရောက်လာတဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေနဲ့ အတွင်းဝန်တွေက ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်က လမ်းညွှန်ချက် ၃ ရပ်ကို ချမှတ်ပေးခဲ့ပြီး ကြားကာလအုပ်ချုပ်ရေး ဆိုင်ရာ ဆုံးဖြတ်ချက်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးအတည်ပြုခဲ့ကြပါတယ်။
အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အတူ ပြည် ထောင်စုဝန်ကြီးတွေ၊ ဒုတိယပြည်ထောင်စုဝန်ကြီးတွေနဲ့ အတွင်းဝန်တွေ တက်ရောက်ခဲ့ကြပြီး နေ့လည် ၃း၃၀ နာရီမှာ အစည်းအဝေး ကို ရပ်နားခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။