ကြားကာလအဆင့်မြင့် ပညာရေးအတွက် ဆရာတွေ၊ ကျောင်းသားတွေရဲ့ သဘောထားဆန္ဒများကို စစ်တမ်းကောက်ယူ
ဇွန် ၂၆ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရက ဖော်ဆောင်နေတဲ့ ကြားကာလအဆင့်မြင့် ပညာရေးအတွက် ဆရာတွေ၊ ကျောင်းသား တွေရဲ့ သဘောထားဆန္ဒများကို ပညာရေးဝန်ကြီးဌာနကနေပြီးတော့ စစ်တမ်းကောက်ယူနေပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ကြားကာလပညာရေးအတွက် အဆင့်မြင့်ပညာရေးအဖွဲ့ အစည်းအသီးသီးက စဉ်ဆက်မပြတ် သင်ကြားရေးအစီအစဉ်တွေကို ဖော်ဆောင်နေတယ်လို့ ဆိုထားပြီး အဲဒီပညာရေး အ စီအစဉ်တွေမှာ ပါဝင်နေတဲ့ ကျောင်းသားတွေ၊ ဆရာတွေရဲ့ အတွေ့အကြုံတွေ၊ လိုအပ်ချက်တွေနဲ့ အခက်အခဲတွေကို သိ ရှိစေဖို့အတွက် အခုလို စစ်တမ်းကောက်ယူတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကောက်ယူတဲ့ စစ်တမ်းက ပိုမိုထိရောက်သော ကြားကာလပညာရေးအစီအစဉ်တွေ ဖော်ဆောင်ပေးနိုင်ရန်၊ ပိုမိုခက်ခဲတဲ့ အခြေအနေတွေမှာ ရှိနေတဲ့ ကျောင်းသားတွေ ပညာရေးလက်လှမ်းမီစေဖို့နဲ့ ဖက်ဒရယ်ပညာရေးစနစ် တည်ဆောက်ရာ မှာ ကျောင်းသားတွေ၊ ဆရာတွေရဲ့ အသံများ ပါဝင်ထင်ဟပ်စေရန် ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်တမ်းကောက်ယူတဲ့ အစီအစဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေး၀န်ကြီးဌာန (Ministry of Education, NUG)၊ ဘားမားအကယ်ဒမီ (Burma Academy)နဲ့ နွေဦးတက္ကသိုလ် (Spring University Myanmar) တို့က ပူးပေါင်းဆောင်ရွက်တာလည်းဖြစ်ပါတယ်။
ကြားကာလအဆင့်မြင့် ပညာရေးမှာ ပါဝင်နေတဲ့ ဆရာတွေ၊ ကျောင်းသားတွေအနေနဲ့ အချိန် ၅ မိနစ်လောက် ပေးပြီး တော့ သဘောထားအမြင်တွေကိုမျှဝေပေးဖို့အတွက်လည်း တိုက်တွန်းထားတာ တွေ့ရပါတယ်။
စစ်တမ်းဖြေဆိုမယ့်သူတွေအတွက်ကတော့ ကျောင်းသားတွေ အတွက်ဆိုရင် https://forms.gle/hLathVmQ9izedpLP8 နဲ့ ဆရာတွေအတွက် https://forms.gle/z9xVgNdLY1FKodM78 လို့ ဖော် ပြထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။