ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ(MSCC) တို့ အကြားတွေ့ဆုံဆွေးနွေးမှုပြုလုပ်
◾️ တူညီသော တော်လှန်ရေး ဘုံဦးတည်ချက်အောက်မှာ စည်းလုံးညီညွတ်စွာ လုပ်ဆောင်ကြဖို့အတွက် ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
ဇူလိုင် ၁၂ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ မွန်ပြည်နယ် အတိုင်ပင်ခံကောင်စီ (MSCC) တို့အကြား ပထမအကြိမ်တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင် ၁၀ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ ပါတယ်။
ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကစစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးမှာ မွန်ပြည်နယ်ကိုယ်စားပြုအနေနဲ့ ပါဝင်ဆောက်ရွက်လျက် ရှိကြတဲ့အတွက် လေးစားဂုဏ်ယူတယ်၊ မိမိတို့အနေနဲ့ တူညီတဲ့ တော်လှန်ရေးဘုံဦးတည်ချက်အောက်မှာ စည်းလုံးညီ ညွတ်စွာ ဆော င်ရွက်ကြရန် လိုအပ်တယ်၊ စစ်ကောင်စီပြုတ်ကျရေးအတွက် ဆောင်ရွက်ရာမှာ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ် ရေး၊ သံတမန်ရေးအပြင် မဟာမိတ်တွေနဲ့လည်း တတ်နိုင်သမျှတွေ့ဆုံဆွေးနွေးပြီး စစ်အာဏာရှင်စနစ် ပျက်သု ဉ်းစေရေး အင်အားစုတွေဖြစ်ပေါ်လာစေရေးအတွက် ကြိုးပမ်းဆော င်ရွက်ကြဖို့ လိုအပ်မှာဖြစ်တယ်၊ အဲဒီအတွက်ကြောင့် တွေ့ဆုံ ဆွေးနွေးမှုတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးကြဖို့ တိုက်တွန်းပြောကြားလိုတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ(MSCC)မှ ဥက္ကဌအဖွဲ့ဝင် တစ်ဦးက မွန်ပြည်နယ်အတွင်း မွန်တိုင်းရင်းသားလူမျိုးတွေအပြင် ကရင်တိုင်းရင်းသားလူမျိုးတွေ၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးတွေနဲ့ ဗမာတိုင်း ရင်းသား လူမျိုးတွေ၊ အခြားလူမျိုးတွေလည်း အတူတကွနေထိုင်လျက်ရှိတယ်၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်း ရေးဖြစ်တဲ့ ယခုနွေဦးတော်လှန်ရေးမှာ မွန်ပြည်နယ်မှ တိုင်းရင်းသားပြည်သူတွေကလည်း တတပ်တအား ပါဝင်လျက်ရှိတယ်၊ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအိပ်မက်က ပြည်ထောင်စုသားအားလုံးနဲ့ထပ်တူ မွန်ပြည်နယ်ပြည်သူတွေရဲ့ ထက်သန်တဲ့ဆန္ဒ မျှော်လင့်ချက် ပန်းတိုင် ဖြစ်တဲ့အတွက် ဘုံရည်မှန်းချက်ပန်းတိုင် ရောက်ရှိရေး ကြိုးပမ်းမှုမှာ မွန်ပြည်နယ်အနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရေးကို ရှေ့ရှုထားတာတွေကို ပြောကြားခဲ့ပါတယ်။
ဒါအပြင် စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့ မွန်ပြည် နယ်အတွင်းမှ ၂၀၂၀ ခုနှစ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ CDM မှာပါဝင်လျက်ရှိကြတဲ့ နိုင်ငံ့ဝန် ထမ်းတွေ၊ မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ၊ အမျိုးသမီး၊ လူငယ်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အစရှိတဲ့ တော်လှန်ရေးအင်အားစုတွေ တတ်နိုင်သမျှ စုံလင်စုဖွဲ့ ပါဝင်ပြီး စုပေါင်းခေါင်းဆောင်မှုနဲ့ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC) ကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိတယ်ဆိုတာနဲ့ ယခုလို တွေ့ဆုံဆွေးနွေးခွင့်ရတဲ့အတွက် များစွာ ဝမ်းမြောက်ပြီး ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ့်အကြောင်းတွေ ပြောကြားခဲ့ပါတယ်။
အစည်းအဝေးမှာ မွန်ပြည်နယ်အတွင်း လက်ရှိ ဆောင်ရွက်လျက်ရှိတဲ့ ပညာရေး၊ကျန်းမာရေး၊ ကာကွယ်ရေးနဲ့လုံခြုံရေး၊ အုပ်ချုပ်ရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး နှစ်ဖက် ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်နိုင်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဆက်လက်ပြီး စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ရွပ်ရွပ်ချွံချွံ ကြိုးပမ်းပါဝင် ဆောင်ရွက်နေရင်း ၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရကာ ရက်ရက်စ က်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ် ခံရမှုကြောင့် ဇွန်လ ၃၀ ရက်မှာ ကျဆုံးခဲ့ရတဲ့ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC) အဖွဲ့ဝင်ဖြစ်သူ ဘီးလင်းမြို့နယ် ပြည်နယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း အပါအဝင် (၃)ဦးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီမှ အထူးဝမ်းနည်းကြေကွဲပါကြောင်းနဲ့ မှတ်တမ်းတင် ဂုဏ်ပြုဦးညွတ်ခဲ့ ကြပါတယ်။
အဆိုပါအစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အတူ ဗဟိုကော်မတီ အဖွဲ့ဝင် ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ အမြဲတမ်းအတွင်းဝန်တွေ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ မွန်ပြည်နယ် အတိုင်ပင်ခံ ကောင်စီ(MSCC)မှ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါ တယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။