ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံ
◼️မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနဲ့ပတ်သက်ပြီး သိရှိလိုတာများကို အပြန်အလှန်ဆွေးနွေး
ဖေဖော်ဝါရ ၆ ၊ ၂၀၂၃
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကို ဖေဖော်ဝါရီ ၅ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုတိယ ပြည်ထောင်စုဝန်ကြီး ခူးထဲဘူးက “တော်လှန်ရေးကာလမှာ ပေးဆပ်ပြီး တာဝန်ယူနေကြ သူများအားလုံးကို ဂုဏ်ယူပါကြောင်း၊ လက်ရှိနိုင်ငံရေးအခြေအနေအရ အခက်အခဲများကြားမှ ပါဝင်လျက်ရှိသူများအားလုံးကို ထဲထဲဝင်ဝင်မှတ်တမ်း တင်ထားရမှာဖြစ်ကြောင်း၊ ရှေ့ဆက်ပြီး တော်လှန်ရေးပြီးဆုံးတဲ့တိုင်အောင် အားလုံးစုစုစည်းစည်းနဲ့ပါဝင်သွားရန်ဖြစ်ကြောင်း၊ မြေပြင်မှာ ဆောင်ရွက်နေကြတဲ့ အခြေအနေ အခက်အခဲများကို ဆွေးနွေးကြပြီး ကောင်းသောအကြံဉာဏ်၊ ကောင်းသော အတွေးအခေါ်များပေးကြရန် ဖြစ်ကြောင်း”ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနဲ့ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေး ရာဝန်ကြီးဌာနတို့မှ ဌာနရဲ့ ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မူဝါဒနဲ့ ထုတ်ပြန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနဲ့ပတ်သက်ပြီး သိရှိလိုတာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယပြည်ထောင်စုဝန်ကြီး ခူးထဲဘူးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနဲ့ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

