ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးပြုလုပ်
◾️ ခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေ ဖွဲ့စည်းနိုင်ရေးနဲ့ ပတ်သက်ပြီး အကျယ်တဝင့် ဆွေးနွေး
ဇူလိုင် ၂၂ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၂၁/၂၀၂၂) ကို ဇူလိုင် ၂၁ ရက် မနက် ၁၀ နာရီအချိန်မှာ ပြုလုပ်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်းက စစ်ရေးအရှိန်မြင့်လာသလိုစစ်ကောင်စီဘက်မှ ယိမ်းယိုင်ပြိုလဲလာနေတာကြောင့် ကော်မတီ အနေနဲ့ လုပ်ငန်းစဉ်တွေကို ဖြစ်ပေါ်နေတဲ့အခြေနေများအပေါ်အသုံးချကာ ကြိုးစားဖို့လိုတယ်၊ တစ်နှစ်အတွင်း ဆောင်ရွက်ခဲ့တဲ့ မူဝါဒတွေ လုပ်ငန်စဉ်တွေနဲ့ စီမံဆောင်ရွက်မှုတွေအပေါ် ထိုက်သင့်တဲ့ အတွေ့အကြုံတွေရရှိပြီးဖြစ်လို့ ဆက်လက်တိုးချဲ့ဒေသတွေအတွက် စနစ်တကျစီစဉ်ထားဖို့လိုတယ်၊ ပြည်နယ်အတိုင်ပင်ခံကောင်စီတွေ၊ တိုင်းကိုယ် စားပြု လွှတ်တော်ကော်မတီတွေနဲ့ ယခုကတည်းကချိတ်ဆက်နေတာအားလုံးသိပြီးဖြစ်တယ်ဆိုတာနဲ့ လက်ရှိစိုးမိုးနယ် မြေတွေရဲ့ ဆောင်ရွက်ချက်တွေကို မျက်ခြေမပြတ်ဘဲ စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်းတွေကို ပြောကြားခဲ့ပါ တယ်။
ဒါအပြင် နောင်လာမယ့် အခင်းကျင်းသစ်အတွက် ပြင်ဆင်ထားရမှာတွေ၊ အကြမ်းဖက်စစ်တပ်ကြောင့် အဖက်ဖက်က ချွတ်ခြုံကျနေတဲ့ တိုင်းပြည်ကို တော်လှန်ရေးအောင်မြင်ရေးအတွက် တစ်ခုတည်းသာမကဘဲ အောင်မြင်ပြီးနောက်ပိုင်း ဒေသခံအသီးသီး၊ နယ်မြေအသီးသီးမှာ ပြန်လည်တည်ဆောက်ရေးလပ်ငန်းတွေ ထိရောက်မှုရှိစွာ လုပ်ဆောင်နိုင်ဖို့ အတွက်တွေကိုပါ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။
အစည်းအဝေးမှာ ပြည်နယ်အတိုင်ပင်ခံကောင်စီတွေနဲ့ ထိတွေ့ ဆွေးနွေးမှုရလဒ်တွေကို လုပ်ငန်းပိုင်ဆိုင်ရာ သဘောတူ ညီချက်တွေ ဖော်ဆောင်နို်ငရေး၊ အုပ်ချုပ်ရေး နယ်မြေတွေမှာ ဖြစ်ပေါ်နေတဲ့ ပ.အ.ဖ ၊ ပ.လ.ဖ ၊ အ ခွန်ဆိုင်ရာတွေ၊ တိုင်း ရင်းသား EROs ဆိုင်ရာ ကိစ္စရပ်တွေကို စန စ်တကျဖြေရှင်းဆောင်ရွက်စေရေးကိစ္စရပ်တွေကို ပြည်ထောင်စုဝန်ကြီးချုပ်က ဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက်မှာ တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင် တွေက (၂၀/၂၀၂၂) မှာချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြီးစီးမှုအခြေအနေတွေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ လုပ်ငန်း စဉ်တွေကို ချပြရှင်းလင်းပြီး ခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေ ဖွဲ့စည်းနိုင်ရေးနဲ့ ပတ်သက်ပြီး တက်ရောက်လာသော တာဝန်ရှိသူတွေက အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါ အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အတူ ဗဟိုကော်မတီ ဒုတိယဥက္ကဌ(၁)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယပြည်ထောင် စုဝန်ကြီးတွေ၊ အမြဲတမ်းအတွင်းဝန်တွေ၊ ဌာနဆိုင်ရာတွေရဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။