ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတို့ ဒုတိယအကြိမ် တွေ့ဆုံ
◼မြေပြင် အခြေအနေတွေကို ဟန်ချက်ညီ ပူးပေါင်းလုပ်ကိုင်ကြရမယ့် ကိစ္စရပ်တွေ အကျယ်တဝင့် ဆွေးနွေး
ဇူလိုင် ၁၆ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီနဲ့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံ အစည်းအဝေးကို ဇူလိုင် ၁၅ ရက် မွန်းလွဲ၂နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာန၊ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
အဲဒီ့နောက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ဇွန်လ အတွင်း လုပ်ငန်းဆောင်ရွက်ချက်တွေ ရှင်းလင်းပြောကြားတာ၊ သက်ဆိုင်ရာဦးစီးဌာနတွေနဲ့ တနင်္သာရီတိုင်း အ တွင်း ရှိ အုပ်ချုပ်ရေး၊ ပညာရေး၊ကျန်းမာရေးနဲ့ မြေပြင်ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဟန်ချက်ညီ ပူးပေါင်းလုပ်ကိုင်ကြရမယ့် ကိစ္စရပ်တွေကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြတာပါ။
အဆိုပါဆွေးနွေးပွဲကို ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဒုတိယ ဥက္ကဌ(၁)၊ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီဌာန ပြည် ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ဗဟိုကော်မတီအဖွဲ့ဝင်တွေ၊တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီမှ တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်တွေ၊ ညွှန်ကြား ရေးမှူးချုပ်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။