ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီတို့ ဒုတိယအကြိမ်တွေ့ဆုံ

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီတို့ ဒုတိယအကြိမ်တွေ့ဆုံ
◾️မြေပြင်ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့အညီ ဟန်ချက်ညီ ပူးပေါင်းလုပ်ကိုင်ကြရမယ့် ကိစ္စရပ်တွေကို အကျယ်တဝင့်ဆွေးနွေး
ဇူလိုင် ၁၅ ၊ ၂၀၂၂
ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီတို့အကြား ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင် ၁၄ ရက် မွန်းလွဲ ၂ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။
တွေ့ဆုံပွဲမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဒုတိယဥက္ကဌ(၁)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အမှာစကားပြောကြားပေးခဲ့ပါတယ်။
အဲဒီနောက်မှာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ဇွန်လအတွင်း လုပ်ငန်းဆောင်ရွက်ချက်တွေကို ရှင်းလင်းပြောကြားတာ၊ အုပ်ချုပ်ရေးနယ်မြေတွေ ဆက်လက်တိုးချဲ့နိုင်ရေး အစီအမံတွေ ချမှတ်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်တွေ၊ သက်ဆိုင်ရာဦးစီးဌာနတွေ မကွေးတိုင်း အတွင်း မြေပြင်ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့အညီ ဟန်ချက်ညီ ပူးပေါင်းလုပ်ကိုင်ကြရမယ့် ကိစ္စရပ်တွေ၊ ပညာရေး ကျန်းမာရေးနဲ့ လူသားချင်စာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ပေးအပ်နိုင်ရေး စတာတွေကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါ ဆွေးနွေးပွဲကို ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဒုတိယ ဥက္ကဌ(၁)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ဗဟိုကော်မတီအဖွဲ့ဝင်တွေ၊ မ‌ ကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်း ဝန်တွေ၊ ညွှန်ကြားရေးမှူးချုပ်တွေ တက်ရောက် ဆွေးနွေးခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.