ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီတို့အကြား ဒုတိယအကြိမ်ဆွေးနွေးမှုများပြုလုပ်
◾️မန္တလေးတိုင်းအတွင်းက အင်အားစုတွေအကြား ပုံမှန်ချိတ်ဆက်လုပ်ဆောင်နိုင်ရေးကိစ္စရပ်တွေ အကျယ်တဝင့် ဆွေးနွေး
ဇူလိုင် ၉ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ မန္တလေးတိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတို့အကြား ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင် ၈ ရက် မွန်းလွဲ ၁ နာရီ အ ချိန်က ပြုလုပ်ခဲ့ကြပါတယ်။
တွေ့ဆုံပွဲမှာ အဖွင့်အမှာစကားကို ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါက်တာဇော်ဝေစိုး က ပြောကြားခဲ့ပါတယ်။
အဲဒီနောက်မှာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဇွန်လအတွင်း လုပ်ငန်းဆောင်ရွက်မှုတွေကို ရှင်းလင်း ပြောကြားတာ၊ သ က်ဆိုင်ရာ ဦးစီးဌာနတွေနဲ့ မန္တလေးတိုင်းအတွင်းက အင်အားစုတွေကြား ပုံမှန်ချိတ်ဆက်နိုင်ရေးကိစ္စ ရပ်တွေ၊ မြေပြင်မှာဖြစ်ပေါ်နေတဲ့ အခြေနေတွေနဲ့အညီ ဟန်ချက်ညီစွာ ပူးပေါင်းလုပ်ကိုင်ကြရမဲ့ ကိစ္စရပ်တွေကို အကျယ် တဝင့်ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲကို ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဒုတိယ ဥက္ကဌ(၁)၊ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ဗဟိုကော်မတီအဖွဲ့ဝင်တွေ၊ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီမှ တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်တွေ၊ ညွှန်ကြား ရေးမှူးချုပ်တွေ တက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။