ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးပြုလုပ်

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးပြုလုပ်
◾️တော်လှန်ရေးအရှိန် ပိုအားကောင်းလာတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်ရေး၊ အုပ်ချုပ်ရေး၊ သံတမန် ရေး ကိစ္စရပ်တွေမှာ ကျဆုံးမှုများစွာနဲ့ ကြုံတွေ့နေရပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ဇွန် ၃၀ ၊ ၂၀၂၂

အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး (၁၈/၂၀၂၂)ကို ဒီနေ့မနက် ၁၀ နာရီအချိန်မှာ ပြုလုပ်ခဲ့ကြပါတယ်။

အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဗဟိုကော်မတီ ဒုတိယဥက္ကဌ(၁) ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယပြည်ထောင် စုဝန်ကြီးတွေ၊ အမြဲတမ်းအတွင်းဝန်တွနဲ့၊ ဌာနဆိုင်ရာတွေရဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေမှာ လိုအပ်ချက်တွေ ရှိသေးပေမယ့်လည်း ကော်မတီဝင်အချင်းချင်းအကြား ချိတ်ဆက်မှုများ ပိုမိုခိုင်မာ အားကောင်းလာတယ်၊ ဒီနေ့အချိန်မှာ တော်လှန်ရေးအရှိန် ပိုအားကောင်းလာတဲ့အတွက် အကြမ်း ဖက်စစ်ကောင်စီအနေနဲ့ စစ်ရေး၊ အုပ်ချုပ်ရေး၊ သံတမန် ရေး ကိစ္စရပ်တွေမှာ ကျဆုံးမှုများစွာနဲ့ ကြုံတွေ့နေရတယ်၊ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဌာနအချင်းချင်းအကြား တွေ့ဆုံညှိနှိုင်းမှုတွေပိုမိုဆော င်ရွက်ဖို့ လိုအပ်မယ်၊ ကော်မတီအနေနဲ့ ကျန်ရှိနေတဲ့ ပြည်နယ်အတိုင်ပင်ခံ ကောင်စီတွေနဲ့ လည်း ‌ဆက်လက်တွေ့ဆုံနိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်တယ်၊ မွန်ပြည်ကြားကာလပူးပေါင်းဆောင် ရွက်ရေး ကော်မတီ (MSICC)နဲ့ တွေ့ဆုံဆွေးနွေးသလို မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC)နဲ့လည်း တွေ့ဆုံဆွေးနွေး ရေးအတွက် လိုအပ်တာတွေကို ဝိုင်း ဝန်းအကြံပြုပြောကြားဖို့ လိုအပ်မှာဖြစ်တယ်၊ အစိုးရအနေနဲ့ ထိတွေ့ဆက်ဆံရသမျှ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးကြရမှာဖြစ်တယ်ဆိုတာနဲ့ လက်ရှိ စိုးမိုးထိန်းချုပ်နယ်မြေတွေအပြင် ထပ်မံပြီး စိုးမိုးထိန်းချုပ်နယ်မြေတွေ ရရှိစေရေးအတွက်ပါ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်တယ်လို့ ပြောကြား ခဲ့ ပါတယ်။

ဆက်လက်ပြီး တက်ရောက်လာကြတဲ့ ကြားကာလဒေသန္တရပြည်သူ့အု ပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင် တွေက (၁၇/၂၀၂၂) မှာချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေ၊ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးပြီးစီးမှုအခြေအနေတွေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ဒါအပြင် ပြည်နယ်အတိုင်ပင်ခံကောင်စီတွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေးကိစ္စရပ်တွေ၊ တွေ့ဆုံခဲ့ကြတဲ့ အတိုင်ပင်ခံကောင်စီ တွေနဲ့ ဌာနအလိုက် ဆက်သွယ်ရေးလမ်းကြောင်းတွေထားရှိပြီး သက်ဆိုင်ရာ ပြည်နယ်တွေရဲ့ကိစ္စရပ် တွေမှာ လက်တွဲ ကူညီပံ့ပိုးဆောင်ရွက်ရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တက်ရောက်လာတဲ့ တာဝန်ရှိသူတွေက အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.