ကြားကာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တွေအကြား တွေ့ဆုံ
◾️ အထူးအုပ်ချုပ်ရေးဒေသအတွင်း ကာကွယ်ရေးနဲ့ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုတွေကို ဆွေးနွေး
ဇူလိုင် ၁၈ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ အထူးအုပ်ချုပ် ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင် ၁၇ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။
တွေ့ဆုံတဲ့ပွဲမှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
အဲဒီနောက် တွေ့ဆုံပွဲမှာ အထူးအုပ်ချုပ်ရေးဒေသအတွင်း ကာကွယ်ရေးနဲ့ လုံခြုံရေး၊လျှပ်စစ်၊ ဆက်သွယ်ရေး၊ အခွန် ကောက်ခံမှု၊ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်း ရေးအပါအဝင် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုတွေကို ဌာနဆိုင်ရာတွေက ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။
အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက မြေပြင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ သိရှိလိုတာတွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ပညာရေးနှင့်ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။