“ကြယ်”
ကြွေခဲ့ကြပေမယ့်
ကျွန်တော်တို့ခင်ဗျားတို့အားလုံးရဲ့ ရင်ဘတ်တွေထဲမှာ
လင်းလက်တောက်ပနေဆဲဖြစ်တဲ့ ကြယ်များအကြောင်း
ကျဆုံးကြွေလွင့်ခဲ့ရတဲ့ သူရဲကောင်းတွေအားလုံးရဲ့ စိတ်ဝိဉာဉ်တွေကို
ငါတို့အားလုံးရဲ့ ရုန်းကန်ရှင်သန်မှုထဲပေါင်းထည့်
တော်လှန်ရေးဟာ အောင်ပွဲနဲ့ အဆုံးသတ်ရမယ်။
စစ်အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် မည်သူမည်ဝါမှန်းမသိရပဲ ကြွေလွင့်ခဲ့ရသူများအပါအဝင် ကျဆုံးခဲ့ကြသော နွေဦးတော်လှန်ရေးသူရဲကောင်း ကြယ်ပွင့်များအားလုံးအား ဤအစီအစဉ်ဖြင့် လေးမြတ်စွာ ဦးညွတ်ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။
#SpringRevolution
#PVTV
#Star
#SpringRevolutionHero