ကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ စိုးရိမ်နေတဲ့

ကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ စိုးရိမ်နေတဲ့
တောင်သူတွေကို PDF ရဲဘော်တွေက စပါးကူညီရိတ်သိမ်းပေး

ဇန်နဝါရီ ၂၊ ၂၀၂၂

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေရှိနေတာကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ တောင်သူတွေက စိုးရိမ်ထိတ်လန့်နေကြပါတယ်။

ဒီလို စိုးရိမ်နေတဲ့ တောင်သူတွေကို စစ်ကိုင်းခရိုင် PDF တပ်ရင်း (၁) ဗိုလ်ဇာတ်လိုက် အဖွဲ့က ရဲဘော်တွေ ဒီနေ့ ဇန်နဝါရီ ၂ ရက်နေ့ မနက်ပိုင်းမှာ စပါးကူညီရိတ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်း၊ ဝက်လက်၊ မြင်းမူနဲ့ အရာတော် မြို့နယ်တွေမှာ စစ်တပ်နဲ့ ပျူစောထီးတွေက စစ်ကြောင်းထိုးတာ မီးရှို့ဖျတ်ဆီးတာတွေ လုပ်ခဲ့တာကြောင့် ဒေသခံတောင်သူတွေက ရိတ်သိမ်းချိန်ရောက်ရှိနေပေမယ့် လယ်ယာလုပ်ငန်းဆောင်ရွက်ဖို့ အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်မှာ ဇန်နဝါရီ ၁ ရက်နေ့ ညနေပိုင်းက ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ညနေ ၆ နာရီလောက်မှာ Mi35 ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ‌ဒေသကာကွယ်ရေးတပ်တွေက ဆိုပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းက အရာတော်အရှေ့နယ် ဒုံဒစ်ကျေးရွာ အုပ်စုမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တာဖြစ်ပါတယ်။

အဲဒီ စစ်ကောင်စီ တပ်သားတွေက ပြန်လည်ပစ်ခတ်ရင်း ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးတွေကို သယ်ယူပြီး ဆုတ်ခွာနေချိန် အနီးရှိ ဒေသခံစပါးခင်းတွေထဲက ခြွေလှေ့ရန် ရိတ်သိမ်းစုပုံထားတဲ့ စပါးတွေကို မီးတင်ရှို့သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ အကျအဆုံးများတာကြောင့် ကားလှမ်းခေါ်ပြီး
ဒဏ်ရာရတွေ သေဆုံးသူတွေကို ပြန်သယ်နေတဲ့အချိန် တောင်သူတွေရဲ့ စပါးတွေကို အကြောင်းမဲ့ ဖျက်ဆီးမီးရှို့သွားခဲ့တယ်လို့ အရာတော်မြို့နယ် သတင်းပြန်ကြားရေးက ထုတ်ပြန်ထားပါသေးတယ်။

#SpringRevolution
#PVTV
#PVTVNews





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.