ကျွန်တော်တို့အဖြစ်က ဘာနဲ့တူနေလဲဆိုတော့ ရေနစ်တဲ့လူကို ကယ်ဆယ်ရေးလုပ်ဖို့အတွက် အထူး…

ကျွန်တော်တို့အဖြစ်က ဘာနဲ့တူနေလဲဆိုတော့ ရေနစ်တဲ့လူကို ကယ်ဆယ်ရေးလုပ်ဖို့အတွက် အထူးအစည်းအဝေးလုပ်တယ်။ အဲဒီ့ အထူးအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်က အားလုံးသဘောတူမှ ချမှတ်ရမယ်ဆိုရင် ရေနစ်တဲ့သူက နှစ်ဘဝ၊ သုံးဘဝလောက်သေနေပြီဗျ။

မင်းကိုနိုင်
(မြန်မာ့အရေး အာဆီယံထုတ်ပြန်ချက်နှင့်ပတ်သက်၍ မင်းကိုနိုင်နှှင့် ဆက်သွယ်မေးမြန်းခြင်းမှ ကောက်နှုတ်ချက်)



Like – 18K Share – 2207

Public Voice Television Facebook

Add your reaction

  1. တက္ကသိုလ်ကျောင်းသားများသမဂ္ဂတွေ စုပေါင်းပြီး NUG အစိုးရကို အိတ်ဖွင့်စာပေးပို့
    ============================

    မဇ္ဈိမ

    ပညာရေးဝန်ထမ်းတွေနဲ့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂတွေ စုပေါင်းပြီး ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (INUG) ကို တောင်းဆိုချက် ငါးချက် ပါဝင်တဲ့ အိတ်ဖွင့်စာတစ်စောင်ကို ဧပြီလ ၂၈ ရက်နေ့က ပေးပို့ထားပါတယ်။

    အခြေခံပညာရေ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့ စုပေါင်းပြီး အိတ်ဖွင့်စာ ပေးပို့လိုက်တာလည်း ဖြစ်ပါတယ်။

    ထိုအိတ်ဖွင့်စာထဲမှာ –

    (၁) အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့တွေက စေလွှတ်တဲ့ ကိုယ်စားလှယ်တွေ၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ နိုင်ငံရေးအင်အားစု အသီးသီးရဲ့ ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေ၊ အခြားကဏ္ဌအသီးသီးက ပညာရှင်တွေနဲ့ ဖွဲ့စည်းပြီး ပြည်သူလူထုထံ ရိုးသားပွင့်လင်းစွာ တရားဝင် ထုတ်ပြန်ကြေညာရန်၊

    (၂) တိုင်းရင်းသားလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေးကို အပြည့်အဝ အာခမခံချက်ပေးနိုင်တဲ့ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် တစ်လအတွင်း အမြန်ဆုံး ရေးဆွဲ အတည်ပြုရန်၊

    (၃) ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ အပြုသဘောဆောင်ဆွေးနွေးပြီး လက်နက်ကိုင်တော်လှန်ရေးအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ စတင်ရန်၊

    (၄) တော်လှန်ရေးစံနှုန်းတွေနဲ့ သွေဖီပြီး စစ်အုပ်စုနဲ့ ညှိနှိုင်းမယ့် ကိစ္စရပ်ကို မဆောင်ရွက်ကြောင်း ပြည်သူလူထုထံ ကတိပြုပြောကြားရန်၊

    (၅) နိုင်ငံတဝှမ်းလုံးရှိ CDM မှာ ပူးပေါင်းပါဝင် နေကြတဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးနဲ့ စားဝတ်နေရေးအတွက် အပြည့်အဝ ထိထိရောက်ရောက် ကူညီစောင့်ရှောက်မှုပေးနိုင်ရေး ဆောင်ရွက်ရန် စတဲ့အချက်တွေကို တောင်းဆိုထားတာ တွေ့ရပါတယ်။

  2. အမှန်​တွေ အနှစ်​တွေချည်း ​ပြောတတ်လွန်းသူကြီး

  3. ထိမိတဲ့ စကားများ လေးစားပါတယ်။ ကိုမင်းကိုနိုင်👍👍👍

  4. မြန်မာ နားလည်မဲ့စကား ကို မြန်မာ့သဘာဝနဲ့အညီ အရှိကိုအရှိ အတိုင်း မြန်မာ့စိတ် ရင်းနဲ့ပြောသွားတာ အမေစု အဖေ ဒို့ ဗိုလ်ချုပ် ပြောနေ သလားထင်ရတယ် ။

  5. အေးပါကွာ ခုလို ကိုယ်ကိုယ်တိုင် ကြုံကြိုက်လာတော့ ကိုယ်ချင်းစာနာ တတ်ပြီလား
    တချိန်တုန်းက ပြောမှား ဆိုမှား ရှိခဲ့တာတွေအတွက် ခုထိ ဝန်ချတောင်းပန်ခြင်းမရှိပဲ အရူးကွက် နင်းနေတုန်းလား

  6. စစ်သားမှာ စစ်စကားပဲရှိတယ်
    ဘယ်သောအခါမှ လေပြည်သွေးမနေနဲ့
    “အမိန့် “တဲ့

  7. ဆရာ‌ပေါ် တောင်အဲ့လိုပြောနေရင် ကျွန်တော်တို့တော့ ယဲ့ယဲ့ဘဲကျန်တော့လောက်တယ်

  8. အာဆီယံ မကူညီလို့ $ ပြစ်ပြောတဲ့သူတွေကို မေးချင်တယ် မြန်မာက ဘယ်အာဆီယံ နိုင်ငံကို ကူညီဖူးလဲ.. အာဆီယံကသာ မြန်မာ ဒုက္ခသည်တွေကို ဒီနေ့ထိ ကယ်တင် ကူညီထားတာ
    ကိုယ့် သမိုင်း ကိုယ်ရေးစမ်းပါ

  9. မလုပ်သင့်တာကိုလုပ်ခြင်းမှအပြစ်ဖြစ်တာမဟုတ်ပါ….လုပ်သင့်တာကိုမလုပ်ခြင်းဟာလဲအပြစ်ပါပဲ
    ဒါကြောင့်လူတိုင်းဩတ္တပစိတ် ကြည်လင်ဖို့ လုပ်သင့်တာလုပ်ကြရမှာပါ

  10. မဟုတ်ဖူးဗျ ရပ်ကွက်ထဲအိမ်မီးရှို့နေတဲ့အရူးကိုရပ်ကွက်လူကြီးတွေကရပ်ကွက်ရုံး ခေါ်ပီးမီးရှို့ပုံရှို့နည်း‌‌ေပြာပြတာ (သူတို့အိမ်မီးကူးမှာလဲကြောက် မီးလဲကူမငြိမ်းပေးချင် အဲ့အိမ်မှာသူတို့လာထားတဲ့ပစ္စည်းတွေမီးလောင်မှာလဲစိုး)။ အခု‌ေတာ့အဲ့‌ေသာက်ရူးကပုဆိုးပါလှန်ပြသွားတော့ သူတို့ခဗျာသောက်ရှက်ကိုကွဲရော။🤭 ဘာမှမပြောပဲနေတာကမှသိက္ခာရှိသေး။

  11. သူမ်ားမကူညီတာမဟုတ္ဘူး ဟ
    စောက်ခေါရ
    ကူညီချင်အောင် မင်းတို့က ဘာများလုပ်နိုင်ခဲ့လို့လဲ
    မင်းတိုတွေလက်သည်ချည့် အားမကိုးနဲ့မင်းတို့ကိုယ်တိုင်ရှေ့က ဘယ်တုန်းကဦးဆောင်ဖူးလို့လဲ
    နောက်ကွယ်ကနေ မသိနားမလည်ရှာတဲ့ခလေးတွေကို
    သေတွင်းထိတွန်းပို့ခဲ့တာ မင်းတို့ဘဲ စောက်ခေါရေ
    မင်းတို့ကြောင့် ဒီနေ့
    မျိုးဆက်သစ်ခလေးသူငယ်တွေ အလကားအချောင်သေပေးခဲ့ရတာ
    နိုင်ငံရေးလုပ်စားနေတဲ့
    ကလိမ်ကကျစ်တွေ

  12. အာဆီယံဆိုတာ စီးပွားရေးအတွက်ဖွဲ့ထားတဲ့အဖွဲ့အစည်း သူတို့ဆုံးဖြတ်ချက်ကို စောင့်မျှော်စရာကို မလိုတာ ။

  13. အမှန်ပဲကိုမင်းကိုနိုင်ပြောသလ်ု
    အဲ့မှာတာကြည့်

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.