ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ (SURC) က (၄၆) နှစ်မြောက် ဆလိုင်းတင်မောင်ဦးနေ့အတွက် သဝဏ်လွှာထုတ်ပြန်
ဇွန် ၂၆ ၊ ၂၀၂၂
ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ (SURC) က ဒီနေ့ကျရောက်တဲ့ (၄၆) နှစ်မြောက် ဆလိုင်းတင် မောင်ဦးနေ့အတွက် သဝဏ်လွှာကိုထုတ်ပြန်လိုက်ပါတယ်။
သဝဏ်လွှာထဲမှာ နောင်တော်ဆလိုင်းတင်မောင်ဦးရဲ့ ကြွေးကြော်သံနဲ့ စိတ်ဓာတ်ကို ကျောင်းသားလူငယ်တွေက လက်ဆင့်ကမ်းသယ်ဆောင်ပြီး ဒူးမထောက် လက်မမြောက်တိုက်ပွဲဝင်နေတာ ယနေ့နွေဦးတော်လှန်ရေးက သက်သေထူ ပြီးသားဖြစ်တယ်လို့ ဆိုထားပါတယ်။
ကျောင်းသားသမဂ္ဂတွေအနေနဲ့ နောင်တော်ဆလိုင်းတင်မောင်ဦးအပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရင်း ကျဆုံးခဲ့ရတဲ့ ကျောင်းသားပြည်သူအပေါင်းကို အလေးနီပြုလိုက်ပြီး လူမျိုးပေါင်းစုံ လူတန်းစားအလွှာပေါင်းစုံ လွတ်မြောက်ရေး ရရှိတဲ့အထိ အဆုံးတိုင် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်း ကတိသစ္စာပြုထားတာ တွေ့ရပါတယ်။
အာဇာနည်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးက (၁၉၆၉)ခုနှစ် ကျွန်းဆွယ်အရေးအခင်း၊ (၁၉၇၄)ခုနှစ် အလုပ်သမားအရေးအခင်းနဲ့ ဦးသန့်အရေးအခင်း၊(၁၉၇၆)ခုနှစ် မှိုင်းရာပြည့်လူထုလှုပ်ရှားမှု အစရှိတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ သူ့ကို (၁၉၇၆)ခုနှစ် မတ်လ(၂၂)ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး (၁၉၇၆)ခုနှစ် ဇွန်လ (၂၆)ရက်နေ့မှာ ဗိုလ်နေဝင်းဦးဆောင်တဲ့ ဖက်ဆစ်အစိုးအရက ကြိုးပေးကွပ်မျက်ခဲ့တာပါ။
#SpringReovlution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။